နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးနှင့် မန်းငြိမ်းမောင် (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ တက်ရောက်

 

မော်လမြိုင်   မတ်   ၂၀                        

                                                                 
(၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို   ယမန်နေ့  ညနေ ၆ နာရီက   မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ကျင်းပသည်၊၊ 

 


ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   ဒေါက်တာ   ဗညားအောင်မိုးနှင့် မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်နှင့်    ဦးစောထွန်းအောင်မြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်  ကိုကိုမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်၊၊

 


ဆုများပေးအပ်ချီးမြှင့်


ရှေးဦးစွာ   (၄၈) နှစ်မြောက်    မွန်ပြည်နယ်နေ့ အထိမ်းအမှတ်   ပြခန်းဆုများချီးမြှင့်ရာ  ပြည်နယ် ဝန်ကြီးချုပ်     ဦးဇော်လင်းထွန်းက   တတိယဆုရ မွန်ပြည်နယ် မီးသတ်ဦးစီးဌာနကို  လည်းကောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးက ဒုတိယဆုရ ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီအဖွဲ့ဝင်    မန်းငြိမ်းမောင်က   ပထမဆုရ မွန်ပြည်နယ်   ပညာရေးမှူးရုံးကို    လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်၊၊

 


တည်ခင်းဧည့်ခံ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက မွန်တစ်ပင်တိုင် အကနှင်  မွန်ဟင်္သာယိမ်းအကဖြင့်   ဖျော်ဖြေခြင်း၊ မွန်တိုင်းရင်းသားရိုးရာဝတ်စုံများ     ပြသခြင်းနှင့် တေးသံသာများဖြင့် သီဆိုကပြဖျော်ဖြေခြင်းတို့ကို ကြည့်ရှုအားပေးသည်။ ဆက်လက်ပြီး  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုပန်းခြင်းနှင့်  ဂုဏ်ပြုဆုငွေများ  ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုညစာစားပွဲ ဖြင့် တည်ခင်းဧည့်ခံကြောင်း သိရသည်၊၊


သတင်းစဉ်