
နေပြည်တော် မတ် ၅
ကရင်ပြည်နယ် ဘားအံမြို့ ဈေးတန်းလမ်းရှိ ကမ္ဘောဇဘဏ်ခွဲ (၁)အား မတ် ၄ ရက် မွန်းလွဲပိုင်းတွင် အကြမ်းဖက်အမျိုးသား ၁၀ ဦးက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ဘဏ်အတွင်းရှိ ငွေများ လုယက်ယူဆောင် ထွက်ပြေးသွားခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ အဆိုပါဘဏ်ရှိ လုံခြုံရေးဝန်ထမ်းဖြစ်သူ စောဒီမိုးထူး(၃၂)နှစ် (ဘ) ဦးစောကထူးသည် ဘဏ်၏အနောက်ဘက်ဘေးရှိ မီးစက်အနီး၌ ရှိနေစဉ် သေဌမာန်အောင် ဘုရားကြီး၊ ယုဇနလမ်းဘက်မှ Hijet အမျိုး အစား အဖြူရောင်ယာဉ်ဖြင့် မျက်နှာတွင် Mask နှင့် အဝတ်များ တပ်ဆင် ဖုံးအုပ်ထားသည့် အမျိုးသား ၁၀ ဦး ရောက်ရှိလာပြီး အမျိုးသားတစ်ဦး က စောဒီမိုးထူးကို သေနတ်ဖြင့်ထောက်၍ ဘဏ်အတွင်းသို့ ခေါ်ဆောင် ခဲ့ကြောင်း၊ ယင်းနောက် အသင့်ယူဆောင်လာသော သေနတ်များ ထုတ်ယူကာ သေနတ်တစ်ချက်ပစ်ဖောက်၍ ဘဏ်ဝန်ထမ်းများကို ခေါင်းငုံ့ခိုင်းကာ ဘဏ်မန်နေဂျာဖြစ်သူ ဦးကျော်စိုးသူ (၃၅နှစ်) (ဘ)ဦးမြထူးနှင့် ဘဏ်ဝန်ထမ်းများ၏ လက်ကိုင်ဖုန်း ရှစ်လုံး၊ ဘဏ် ကောင်တာပေါ်ရှိ မြန်မာငွေ စက္ကူရောရာ ၂၃၀,၄၅၇,၈၀၅ ကျပ် ၊ DELL အမျိုးအစား LAPTOP နှစ်လုံးနှင့် HIKVISION အမျိုးအစား CCTV အထိုင်စက် တစ်လုံးတို့ကို လုယက်ယူဆောင်၍ ဘဏ်အတွင်းရှိ CCTV ကင်မရာများ၊ VIEW SONIC အမျိုးအစားမော်နီတာ ၁၂ လုံး၊ CANNON အမျိုးအစား ပရင်တာနှစ်လုံး၊ GLORY အမျိုးအစား ငွေရေစက် လေးလုံးတို့အား ဖျက်ဆီးကာ မော်တော်ယာဉ်ဖြင့် ဈေးတန်းလမ်းမှ တစ်ဆင့် အမှတ်(၂) ရပ်ကွက်၊ ဆယ်အိမ်စုကျေးရွာဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်တွင် ဘဏ်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ငွေများ လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ သည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေမှုများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်