
တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်း၊ မော်တော်ယာဉ်များနှင့် Hand Phone ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
နေပြည်တော် ဖေဖော်ဝါရီ ၂၅
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တော ဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ ပုသိမ်မြို့နယ်အတွင်း တရားမဝင်သစ်မျိုးစုံ ၂၉ ဒသမ ၉၁၆၆ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၉၄၁၆၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ရန်ကုန်မြို့ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည် ထက် ပိုမိုပါရှိလာသော Hand Phone ဆက်စပ်ပစ္စည်း များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၁၀၄၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ် မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လားရှိုးမြို့နယ် တာဝန်ကျအကောက်ခွန်အဖွဲ့မှ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီး တန့်ယန်းလမ်းခွဲအနီးတွင် သတင်းအရ စောင့်ဆိုင်း စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက် အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၃၀၀၃၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော ခြောက်ဘီးကုန်တင်ယာဉ် သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၉၀၀၃၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေး စခန်းရှိ တာဝန်ကျ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်- မြဝတီလမ်းမကြီး ရှောင်ကွင်းလမ်းတွင် လိုင်စင်မဲ့ MAZDA TITAN အမျိုးအစား ခြောက်ဘီး ကုန်တင်ယာဉ် နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၉၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် မြိတ်မြို့ တာဝန်ကျအကောက်ခွန်အဖွဲ့မှ သတင်း အရ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျွဲကူး - ကျောက်ဖျာတံတားအကျော်တွင်ရှိသော အထူးဆိပ် ရှိ ဖိုးလမင်းဆိပ်ခံတံတားတွင် သယ်ဆောင်ရန် စုပုံထားရှိသော ပိုင်ရှင်မဲ့ ထိုင်းနိုင်ငံထုတ် ဘိလပ် မြေအိတ် ၁၁၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၅ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကန့်ဘလူမြို့နယ်အတွင်း RLG-03636 Noah အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀) အား ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာနနှင့် ပူးပေါင်း အဖွဲ့များမှ သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးခရိုင် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် သစ်မျိုးစုံ ၄ ဒသမ ၃၄၃၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၈၃၈၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၀ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁၉၈၅၄၈၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်