
နေပြည်တော် ဖေဖော်ဝါရီ ၂၄
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေ နှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေ ဖော်ဝါရီ ၂၀ ရက်တွင် ရခိုင် ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ် သစ်တောဦးစီး ဌာနက ဦးဆောင်၍ ပူးပေါင်း စစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ တောင်ကုတ်မြို့နယ်နှင့် အမ်းမြို့နယ်တို့အတွင်း တရား မဝင် သစ်မျိုးစုံ ၇၁ ဒသမ ၇၄၀၆ တန် ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၆၃၈၄၈၆ ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်မှုဖြင့် တိုင်းဒေသကြီး သစ်တော ဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်း စစ်ဆေးရေး အဖွဲ့များဖြင့် ရှောင်တခင် စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ မင်္ဂလာ ဒုံမြို့နယ်အတွင်း တရားမဝင် ကျွန်းတံခါးနှင့် တံခါးအပိုင်း အစ စုစုပေါင်း ၀ ဒသမ ၈၉၅ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၈၅၀၀ ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
အလားတူ မွန်ပြည်နယ် မုဒုံမြို့နယ် မုဒုံ- ချောင်းနှစ်ခွ ကားလမ်းပေါ်တွင် တရား မဝင် ပျဉ်းကတိုး ခွဲသားနှင့် သင်္ကန်းတံခါးရွက် စုစုပေါင်း ၀ ဒသမ ၈၃၇ တန် ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၇၄၀၀ ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
၎င်းအပြင် ဖေဖော်ဝါရီ ၂၄ ရက်တွင် စစ်ကိုင်းမြို့နယ် အတွင်း TOYOTA WISH အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀ ဖမ်းဆီးရမိခဲ့ရာ ပို့ကုန်သွင်းကုန် ဥပဒေနှင့် အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များမှ သတင်း အရ သွားရောက်စစ်ဆေး ခဲ့ရာ သာယာဝတီခရိုင် သစ်တော ကြိုးဝိုင်းအတွင်း တရားမဝင် သစ်မျိုးစုံ ၁၇ ဒသမ ၄၀၀၀ တန် ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၃၇၅၀၀ ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲခုနစ်မှု၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၂၁၁၈၈၆ ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်