
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ခံစားရခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်းတို့ရှိပါက အချိန်နှင့်တစ်ပြေးညီ (၂၄) နာရီပတ်လုံး သတင်းပေးပို့ဆက်သွယ်စုံစမ်းနိုင်ရေးအတွက် ခရိုင်အလိုက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (RRT) များ ဖွဲ့စည်းထားရှိပြီးဖြစ်ရာ အဆိုပါအဖွဲ့များ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ် များသို့ သက်ဆိုင်ရာ ခရိုင်အလိုက် ဆက်သွယ်နိုင်ပါသည်။
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးလိုသူများအနေဖြင့်လည်း အဆိုပါ ခရိုင်အလိုက် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ သက်ဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များမှ ချိတ်ဆက်ပေး သည့် ဓာတ်ခွဲစစ်ဆေးသည့်နေရာများတွင် နေ့စဉ်နံနက် (၉)နာရီမှ ညနေ (၄) နာရီအထိ ပိတ်ရက်မရှိ COVID-19 Rapid Antigen Test (RDT) နည်းဖြင့် ဓာတ်ခွဲစစ်ဆေးနိုင်ပါကြောင်း အသိပေးအပ် ပါသည်။
ဓာတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအနက် ဆေးရုံ/ကိုဗစ်-၁၉ ကုသရေးဌာနများတွင် ကုသမှုခံယူရန်လိုအပ်သော လူနာများအတွက်လည်း ခရိုင်အလိုက် လူနာခုတင်စီမံခန့်ခွဲမှု ကော်မတီ (Bed Management Committee) များက ချိတ်ဆက်ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
တောင်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (RRT) သို့ (၂၄)နာရီ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈ ၂၅၅၅၀၆၇
၀၉ ၈၈ ၂၅၅၅၀၆၈
၀၉ ၈၈ ၂၅၅၅၀၆၉
မြောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ (RRT) သို့ (၂၄)နာရီဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈ ၂၅၅၅၀၇၁
၀၉ ၈၈ ၂၅၅၆၃၃၈
၀၉ ၈၈ ၂၅၅၆၃၄၀
အနောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့(RRT) သို့ (၂၄)နာရီ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈ ၂၅၅၅၀၆၃
၀၉ ၈၈ ၂၅၅၅၀၆၄
၀၉ ၈၈ ၂၅၅၅၀၆၅
အရှေ့ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (RRT) သို့ (၂၄)နာရီ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈ ၂၅၅၅၀၄၉
၀၉ ၈၈ ၂၅၅၅၀၆၁
၀၉ ၈၈ ၂၅၅၅၀၆၂
ကျန်းမာရေးဝန်ကြီးဌာန