
ပုဏ္ဏားကျွန်း ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၏ မြောက်ဘက် စစ်တွေ-ရန်ကုန် ကားလမ်းမဘေးတွင် တည်ရှိ သော စမြုံတော်ဓာတ်နှင့် ဂူဝဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ဂေါပက အဖွဲ့က ကြီးမှူးပြီး ယနေ့ နံနက် ၉ နာရီက ဝိမုတ္တိသုခပြည်လုံး ချမ်းသာ လျောင်းတော်မူဘုရား ကြီး ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပွဲ၊ သံဃဒါနဆွမ်းကျွေးပွဲ၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် အခြား ပျော်ပွဲရွှင်ပွဲတို့ဖြင့် နှစ်စဉ် နှစ်တိုင်း အစဉ်လာမပျက် စည် ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိသည်။
ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် အတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသည်များဖြင့် အထူး စည်ကားလျက်ရှိပြီး ယနေ့တွင် စမြုံတော်ဓာတ်နှင့် ဂူဝဘုရား စောင်းတန်း တစ်လျှောက်တွင် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ဘုန်းတော် ကြီးကျောင်းတိုက်များမှ ကြွရောက် တော်မူလာကြသော ဆရာတော်၊ သံဃာတော် အပါး ၂၅၀ ခန့်နှင့် သာသနာ့နွယ်ဝင် သီလရှင် ၂၀ ကျော်တို့ကို စေတနာရှင်ပြည်သူ တို့က ဆွမ်းဆန်စိမ်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများအား သဒ္ဓါ တရား ထက်သန်စွာ လောင်းလှူ ကြသည်။
စမြုံတော်ဓာတ် စေတီကို သာသနာသက္ကရာဇ် ၂၂၂ ခုနှစ် တွင် အမြင့်ပေ ၂၃၀ ရှိ သလ္လာမယ တောင်ထိပ်တွင် ရခိုင် ဓညဝတီ ပြည့်ရှင် သူရိယစက္ကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ဗုဒ္ဓ ဗျာဒိတ်တော်ဝင် စမြုံတော်ဓာတ် စေတီဟု ခေါ်တွင်ခဲ့သော ဓာတ် တော်တစ်ဆူဖြစ်ပြီး ဂူဝဘုရားကို လည်း ရခိုင်မင်းဗာဘုရင်မင်းမြတ် က ကောဇာသက္ကရာဇ် ၈၉၇ ခုနှစ် တွင် အမြင့် ၂၂ ပေ ရှိသော ကျောက်တုံးကြီးကို ဂူပေါက် ၁၁ ပေါက် ဖောက်ထွင်းကာ ဂူဘုရား များထွင်းထုပြီး တည်ထား ကိုးကွယ်တော်မူခဲ့သော သမိုင်းဝင် ဓာတ်တော်တစ်ဆူ ဖြစ်ကြောင်း ဘုရားသမိုင်း အထောက်အထား အရ လေ့လာသိရှိရသည်။
နီထွန်းအောင်
(ပြန်/ဆက်)