အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံ

 

နေပြည်တော်    ဖေဖော်ဝါရီ   ၁၃


အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်      ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ    ကိုယ်စားလှယ် များသည်   နေပြည်တော်ရှိ   အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌   ယနေ့နံနက်ပိုင်းတွင်   အလွတ်သဘော   တွေ့ဆုံ ဆွေးနွေးကြသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ   အဖွဲ့ရုံး ဝန်ကြီးဌာန  (၁)   ပြည်ထောင်စု ဝန်ကြီး၊    အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့်    ငြိမ်းချမ်းရေး ဖော်ဆောင်မှု  ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နှင့်                 ကော်မတီအဖွဲ့ဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၊ NCA လက်မှတ်ရေး ထိုးထားခြင်းမရှိသော  တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်း များ   စုစုပေါင်း  ကိုးဖွဲ့မှ   ဒုတိယ ဥက္ကဋ္ဌများ၊  အတွင်းရေးမှူးများ၊ ဗဟိုကော်မတီဝင်များနှင့် တာဝန် ရှိသူများ   တက်ရောက်ကြသည်။

 


ထိုသို့တွေ့ဆုံရာတွင်   နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊      ညှိနှိုင်းရေးကော်မတီ    ဥက္ကဋ္ဌက တိုင်းရင်းသားလက်နက် ကိုင်       အဖွဲ့အစည်းများကို  ငြိမ်းချမ်းရေး    ဆွေးနွေးရန်    ဖိတ်ခေါ်ထားမှု     အခြေအနေ၊                    ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသည့်    ပြည်ထောင်စု  တည်ဆောက်ရေး     ကိစ္စများ၊  တည်ငြိမ်အေးချမ်းရေးနှင့်  ဖွံ့ဖြိုး တိုးတက်ရေးကိစ္စများ၊    နှစ်ဖက်  ဆက်လက်   တွေ့ဆုံညှိနှိုင်းရေး ကိစ္စများ၊  ဆက်လက်ဆောင်ရွက် မည့်     ငြိမ်းချမ်းရေးလုပ်ငန်း ကိစ္စများကို ရှင်းလင်းပြောကြား ပြီး      တက်ရောက်လာသည့် တိုင်းရင်းသား       လက်နက်ကိုင် ကိုယ်စားလှယ်များမှ     တစ်ဖွဲ့ ချင်းစီ၏     သဘောထားများကို         အလွတ်သဘော           ဆွေးနွေး ပြောကြားခဲ့သည်။

 


မွန်းလွဲပိုင်းတွင်   ညှိနှိုင်းရေး ကော်မတီသည်  တက်ရောက်လာ ကြသော  တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ     အားလုံး အား       သီးခြားစီတွေ့ဆုံကာ  နယ်မြေ  တည်ငြိမ်အေးချမ်းရေး ကိစ္စများ၊          ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့်  ရှေ့ဆက်လက် ဆောင်ရွက်မည့်      ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို  ဆွေးနွေးခဲ့ကြ ပြီး      လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း   သတင်းရရှိ သည်။                      

သတင်းစဉ်