
အန်ကာရာ ဇန်နဝါရီ ၂၄
တူရကီနိုင်ငံ၌ လူဦးရေ ၅၇ ဒသမ ၃၃ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်းနှင့် ၅၂ ဒသမ ၂၆ သန်းကျော် သည် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှုခံယူ ပြီးဖြစ်ကြောင်း တူရကီကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံး ပြုရန် တူရကီကျန်းမာရေးအာဏာပိုင် များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမှုအစီအစဉ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။
တူရကီနိုင်ငံ၌ တတိယအကြိမ် အပိုဆောင်းထိုးနှံပေးသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေစုစုပေါင်း ၁၄၀ ဒသမ ၇၄ သန်း ကျော် အသုံးပြုပြီးဖြစ်ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။
တူရကီနိုင်ငံသည် လက်ရှိတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက် ခြင်းနှင့် ရင်ဆိုင်နေရပြီး လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၅၅၀၃ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် နိုင်ငံတစ်ဝန်း အဆိုပါရောဂါ ကူးစက်ခံရသူပေါင်း ၁၀၉၄၇၁၂၉ ဦး ရှိလာကြောင်း တူရကီကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။
တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၁၈၅ ဦး ထပ်တိုးလာ ခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူ ပေါင်း ၈၅၉၆၉ ဦး ရှိလာကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၇၅၄၂၂ ဦးရှိကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်