ဩစတြေးလျနိုင်ငံက အသက် ၁၈ နှစ်အထက်ရှိသူများအား Novavax ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရန် အတည်ပြု

ကင်ဘာရာ     ဇန်နဝါရီ     ၂၄


ဩစတြေးလျနိုင်ငံသည် အသက် ၁၈ နှစ်အထက် အသက်အရွယ်ရှိသူများအား  Novavax ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရန် ယနေ့တွင် အတည်ပြုခဲ့ ကြောင်း သိရသည်။


ဩစတြေးလျနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ် တွင် အသုံးပြုရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး AstraZeneca ၊ Moderna နှင့် Pfizer တို့ကို အတည်ပြုပေးခဲ့ပြီးဖြစ်ခြင်းကြောင့် Novavax ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် ဩစတြေးလျနိုင်ငံ၌ အသုံးပြုရန် အတည်ပြုပေးခဲ့သည့် လေးခု မြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။


ဩစတြေးလျနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့က အဆိုပါ Novavax ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ကာကွယ် ဆေးနှစ်ကြိမ်ထိုးနှံရာတွင် အသုံးပြုရန် လွန်ခဲ့သည့် သီတင်းသုံးပတ်တာ ကာလ အတွင်းက အကြံပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဩစတြေးလျနိုင်ငံအစိုးရသည် အဆိုပါ Novavax ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအလုံးရေ ၅၁ သန်းအား ဖေဖော်ဝါရီလအတွင်း ထိုးနှံပေးနိုင်ရန် ညွှန်ကြားထား ကြောင်း ဩစတြေးလျကျန်းမာရေးဝန်ကြီး ဂရက်ဟွန့်က ပြောကြားခဲ့သည်။


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်