ဗီယက်နမ်တွင် အိုမီခရွန်ကူးစက်ဖြစ်ပွားသူ ၁၆၃ ဦးနှင့် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ ၁၄၃၂၆  ဦးရှိ  

 

 

ဟနွိုင်း   ဇန်နဝါရီ   ၂၄  
ဗီယက်နမ်နိုင်ငံတွင်     ဇန်နဝါရီ ၂၄  ရက်က   ကိုဗစ်-၁၉   ထပ်မံ ကူးစက်ဖြစ်ပွားသူ   ၁၄၃၂၆   ဦး ရှိလာကြောင်း ဖော်ပြခဲ့ပြီး ၎င်းတို့  ထဲတွင် ၁၄၃၀၇ ဦးမှာ ပြည်တွင်းကူးစက်ဖြစ်ပွားမှုဖြစ်ကာ ၅၅ ဦး မှာ ပြည်ပကူးစက်မှုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး     ဌာနက သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။ 
ထပ်မံ     အတည်ပြုခဲ့သော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသစ် များကြောင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ အတည်ပြု ကူးစက်ဖြစ်ပွားသူ ပေါင်းမှာ ယခုအခါ ၂၁၅၅၇၈၄ ဦး အထိ   ရှိလာခဲ့ပြီး  ကိုဗစ်-၁၉  ကြောင့်   ၃၆၈၈၄ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ဆက်လက်ဖော်ပြသည်။ 
ဗီယက်နမ်နိုင်ငံ     မြို့တော် ဟနွိုင်းတွင် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု     အများဆုံးဖြစ်ကာ ဇန်နဝါရီ ၂၄ ရက်က   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ     ၂၈၀၁   ဦး ရှိသည်။ ထို့နောက် ဒါနန်မြို့တွင် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူ    ၉၅၈  ဦးနှင့်   မြောက်ပိုင်း ဟိုင်ဖွန်မြို့တွင်  ၇၃၃ ဦး  ကူးစက် ဖြစ်ပွားလျက်ရှိကြောင်း      သိရ သည်။ 
ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှု မှ      ပြန်လည်ကျန်းမာလာသူ ၁၈၄၁၁၈၀  ရှိလာပြီး   တတိယ အကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူ ၂၃ ဒသမ ၈ သန်းအပါ အဝင် နိုင်ငံတစ်ဝန်း  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်းမှာ ၁၇၆ ဒသမ ၄ သန်း ရှိလာပြီဖြစ် သည်။ 
ထို့အပြင် နိုင်ငံအတွင်း အိုမီ ခရွန်      ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားနေသူ    ၁၆၃  ဦး ရှိကြောင်း    ကျန်းမာရေးဝန်ကြီး ဌာနက အတည်ပြုဖော်ပြခဲ့သည်။
ဗီယက်နမ်နိုင်ငံတွင်    ယခု အချိန်အထိ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု လှိုင်းဂယက် လေးကြိမ် တိုင်တိုင် ရိုက်ခတ်ခဲ့ပြီးဖြစ်သည်။ ဇန်နဝါရီ ၂၄ ရက်အထိ ဗီယက်နမ် နိုင်ငံတွင်  ပြည်တွင်း  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ   ၂  ဒသမ  ၁ သန်း ကျော်လွန်ခဲ့သည်။ 
ဆင်ဟွာ