ဆီးရီးယားနိုင်ငံမြောက်ပိုင်း ဆောင်းတွင်းကာလ၌ ဘေးဒုက္ခခံစားနေရသည့် နေရပ်ရွှေ့ပြောင်းသူများကို ကုလကူညီ

 

ဂျီနီဗာ ဇန်နဝါရီ   ၂၂


ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် အခြေချနေထိုင် သည့်  နေရပ်ရွှေ့ပြောင်းသူများ   ဆိုးရွားသည့် ဆောင်းတွင်းကာလကိုဖြတ်ကျော်နေရာ  ရွှေ့ပြောင်း နေထိုင်သူပေါင်း တစ်သန်းကျော်ကို ကုလသမဂ္ဂနှင့် မဟာမိတ်များက ကူညီပေးလျက်ရှိကြောင်း သိရ သည်။ 

 


ထပ်မံနှိပ်စက်လျက်ရှိ


နှင်းထူထပ်စွာကျဆင်းခြင်း၊ ရာသီဥတုအေးလွန်း ခြင်းနှင့်  ပြင်းထန်သည့်  ဆောင်းတွင်းကာလသည် နဂိုကတည်းကမှ ပဋိပက္ခများနှင့် စီးပွားရေးအကျပ် အတည်းများကြောင့်  နေရပ်ရွှေ့ပြောင်းနေရသည့် လူများကို  ထပ်မံနှိပ်စက်လျက်ရှိသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ  ညှိနှိုင်း ရေးမှူးရုံးက ပြောသည်။ 

 


အအေးဒဏ်ခံစားနေရ


စခန်းပေါင်း ၁၄၀၀ ကျော်တွင် နေထိုင်သည့် ရွှေ့ပြောင်းနေထိုင်သူ ၁ ဒသမ ၇ သန်းရှိပြီး တခြား သူများမှာလည်း အနောက်မြောက်ပိုင်းရှိ တရားမဝင် စခန်းများတွင်     အခြေချနေထိုင်လျက်ရှိသည်။ ဇန်နဝါရီ ၁၈ ရက်မှစတင်ကာ ဆီးနှင်းများထူထပ် စွာကျဆင်းနေပြီး စခန်းပေါင်း  ၈၅ ခုမှ ရွှေ့ပြောင်း နေထိုင်သူမှ ၁၀၀၀၀၀ ကျော်မှာ ရာသီဥတုဆိုးရွားမှု ဒဏ်ကို ခံစားနေရသည်။  တဲအိမ်ပေါင်း ၁၀၀၀ ကျော် မှာ ပျက်စီးနေသည်။ နှင်းများထူထပ်စွာ ကျဆင်းမှု ကြောင့် တဲအိမ်ခေါင်မိုးများပျက်စီးခဲ့ရပြီး အမျိုးသမီး များ၊   ကလေးများနှင့်   သက်ကြီးရွယ်အိုများမှာ အအေးဒဏ်ကို  ခံစားနေရသည်။ 

 


ယင်းအဖြစ်အပျက်ကြောင့်     ကလေးတစ်ဦး သေဆုံးခဲ့ပြီး  မိခင်မှာလည်း   ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂ      လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ  ညှိနှိုင်းရေးမှူးရုံးက  ပြောသည်။ 

 


တောင်းဆိုခဲ့


မိုးသည်းထန်စွာ   ရွာသွန်းမှုကြောင့်လည်း လူပေါင်း ၁၅၀၀၀၀ ကျော်ကို  လက်ခံထားရှိသည့် နေရာများ   ရာနှင့်ချီ၍ပျက်စီးခဲ့ရသည်။ ဆီးရီးယား နိုင်ငံ အနောက်မြောက်ပိုင်းတွင်   ရာသီဥတုဆိုးရွား မှုဒဏ်ခံစားနေရသော သန်းနှင့်ချီသည့် ရွှေ့ပြောင်း နေထိုင်သူများကို ဆက်လက်ကူညီထောက်ပံ့သွားရန် ကုလသမဂ္ဂက  တောင်းဆိုခဲ့သည်။          

 

ဆင်ဟွာ