ပါကစ္စတန်နိုင်ငံ လာဟိုမြို့၌ ဗုံးပေါက်ကွဲရာ နှစ်ဦးထက်မနည်းသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရ

 

လာဟို   ဇန်နဝါရီ   ၂၀ 


ပါကစ္စတန်နိုင်ငံ မြို့ကြီးဖြစ်သည့်  လာဟိုရှိ လူစည်ကားရာ ဈေးဝယ် ကုန်တိုက်များနေရာတွင် ဇန်နဝါရီ ၂၀ ရက်က ဗုံးပေါက်ကွဲခဲ့ရာ နှစ်ဦး ထက်မနည်း  သေဆုံးခဲ့ပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲများနှင့် အရာရှိများက ပြောကြားခဲ့သည်။ 

 


အဆိုပါ           တိုက်ခိုက်မှုကို  ဘလော့ချ်မျိုးချစ်တပ်မတော်က  ပြုလုပ်ဖွယ်ရှိကြောင်းနှင့် အဆိုပါ အဖွဲ့သည်   လူမျိုးစုခွဲထွက်ရေး အုပ်စုများထဲမှ တစ်စုဖြစ်ကြောင်း နှင့်  ပါကစ္စတန်အနောက်တောင် ပိုင်းတွင် ဆူပူအုံကြွအကြမ်းဖက် မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ 

 


ကနဦး  လေ့လာစုံစမ်းမှုများ အရ ပေါက်ကွဲစေသည့် ချိန်ကိုက် ဗုံးကို ဆိုင်ကယ်ပေါ်တွင်တပ်ဆင် ခဲ့ကြောင်း လာဟိုရဲဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ရာနာအာရစ် က ပြောသည်။ 
ပေါက်ကွဲမှုကြောင့် ဆိုင်ကယ် အတော်များများ    ပျက်စီးခဲ့ပြီး ဈေးဆိုင်တန်းများအပေါ်သို့ လွင့် စဉ်ခဲ့ကြောင်း သိရသည်။ 

 


သေဆုံးသူများထဲတွင် အသက် ကိုးနှစ်အရွယ်    ကလေးတစ်ဦး လည်း ပါဝင်ကြောင်း အရာရှိများ က ပြောသည်။ 
ပါကစ္စတန်        ဝန်ကြီးချုပ် အင်မရန်ခန်က   တန်ဖိုးရှိသည့် လူ့အသက်များ    ဆုံးရှုံးခဲ့သည့် အတွက် ဝမ်းနည်းကြောင်း ဖော်ပြ ခဲ့သည်။ 


အေအက်ဖ်ပီ