တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၁၃၉ ဒသမ ၅၇ သန်း အသုံးပြုပြီးဖြစ်

အန်ကာရာ   ဇန်နဝါရီ   ၁၈


တူရကီနိုင်ငံ၌    တတိယအကြိမ် အပိုဆောင်းထိုးနှံပေးသည့်    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ   အပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ စုစုပေါင်း   ၁၃၉ ဒသမ ၅၇ သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်း သိရသည်။


တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြု ရန် တူရကီကျန်းမာရေးအာဏာပိုင်များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။
တူရကီနိုင်ငံ၌ နိုင်ငံသား ၅၇ သန်း ကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးတစ်ကြိမ်      ထိုးနှံမှုခံယူပြီးဖြစ် ကြောင်းနှင့် နိုင်ငံသား ၅၂ ဒသမ ၁၅ သန်း သည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း   တူရကီကျန်းမာရေး ဝန်ကြီးဌာနက   ယနေ့တွင်   ပြောကြား သည်။


လက်ရှိတွင်လည်း တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု   မြင့်တက် ခြင်းနှင့်   ရင်ဆိုင်နေရပြီး   လွန်ခဲ့သည့် တစ်ရက်အတွင်း      ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၄၉၃၅ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် နိုင်ငံတစ်ဝန်း အဆိုပါရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၀၅၂၂၀၉၉ ဦး ရှိလာကြောင်း    တူရကီကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။


တူရကီနိုင်ငံ၌   ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၁၆၂ ဦး ထပ်တိုးလာ ခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူ ပေါင်း ၈၄၉၂၀     ရှိလာကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၇၂၁၀၆  ဦးရှိကြောင်း     တူရကီကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။


ကိုးကား - ဆင်ဟွာ
 ဘာသာပြန် - အလင်းသစ်