ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၀ ဒသမ ၈၆ သန်းကျော် ရှိလာ

မော်စကို   ဇန်နဝါရီ   ၁၈


ရုရှားနိုင်ငံ၌  လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၁၂၅၂ ဦး  ထပ်မံတွေ့ရှိခြင်းကြောင့် ယင်းကူးစက်ခံရသူအရေအတွက်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်နောက်ပိုင်း နေ့စဉ်ကူးစက်မှု  အမြင့်ဆုံးဖြစ်ကြောင်းနှင့် နိုင်ငံတစ်ဝန်းတွင်     ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၀၈၆၅၅၁၂ ဦး ရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေးနှင့်    တုံ့ပြန်ရေး စင်တာ၏   ပြောကြားချက်အရ    သိရ သည်။


ရုရှားနိုင်ငံတစ်ဝန်း၌   လွန်ခဲ့သည့် တစ်ရက်အတွင်း    ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၆၈၈ ဦးရှိခြင်းကြောင့် လက်ရှိတွင်     အဆိုပါရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၃၂၂၆၇၈ ဦး  ရှိလာ ကြောင်း သိရသည်။


ထို့ပြင်   ရုရှားနိုင်ငံ၌   လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့်    ဆေးရုံ အသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၄၅၆၄ ဦး ထပ်မံတွေ့ရှိခြင်းကြောင့်    ကိုဗစ်-၁၉ ရောဂါမှ     ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၉၉၀၂၉၃၅ ဦးရှိလာကြောင်း သိရသည်။


လက်ရှိတွင် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာ          စုစုပေါင်း ၆၃၉၈၉၉ ဦး   ရှိကြောင်း   သိရသည်။ မြို့တော်မော်စကိုသည်    ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု    အများဆုံး ဖြစ်ပွားသည့်ဒေသဖြစ်ပြီး   လွန်ခဲ့သည့် တစ်ရက်အတွင်း    ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၃၄၂ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် ယင်းအရေအတွက်သည် ၂၀၂၁ ခုနှစ်  အောက်တိုဘာ ၂၈ ရက် နောက်ပိုင်း       နေ့စဉ်ကူးစက်ခံရသူ အများဆုံးဖြစ်ကြောင်းနှင့် ရောဂါကူးစက် ခံရသူပေါင်း ၂၁၀၄၅၇၅  ဦး ရှိလာကြောင်း သိရသည်။


ရုရှားနိုင်ငံ၌ နိုင်ငံသား သန်း ၈၀ ကျော် သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၇၇ သန်းခန့်သည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။


ကိုးကား - ဆင်ဟွာ
 ဘာသာပြန် - အလင်းသစ်