စင်ကာပူနိုင်ငံ၌ အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ် တစ်သိန်းကျော် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးပြီးဖြစ်

စင်ကာပူ   ဇန်နဝါရီ   ၁၆


စင်ကာပူနိုင်ငံ၌    အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ်   ကလေးငယ် တစ်သိန်း ကျော်အား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး   ပထမအကြိမ်   ထိုးနှံပေးပြီးဖြစ် ကြောင်း စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီး ဌာနက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြား သည်။


ယင်းအရေအတွက်သည် စင်ကာပူ နိုင်ငံ    ပညာရေးဝန်ကြီးဌာနအောက်ရှိ မူလတန်းကျောင်းများမှ    မူလတန်း ကျောင်းသားအားလုံး၏ ၄၀ ရာခိုင်နှုန်းခန့် အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်    ထိုးနှံပေးပြီးဖြစ်ခြင်းကို ဆိုလိုကြောင်း သိရသည်။


စင်ကာပူနိုင်ငံ၌ အဆိုပါ  အသက် ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၇ ရက်တွင် စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး     ပထမအကြိမ်  ထိုးနှံမှုခံယူပြီးဖြစ်သည့် အသက်   ငါးနှစ်မှ  ၁၁   နှစ်အရွယ်  ကလေးငယ်များအား ဇန်နဝါရီ ၁၇ ရက် တွင်မူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်  ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။


ကိုးကား - စီအင်န်အေ
ဘာသာပြန် - အလင်းသစ်