
ဆော်ပိုလို ဇန်နဝါရီ ၁၅
ဘရာဇီးနိုင်ငံတွင် အသက် ငါးနှစ် မှ ၁၁ နှစ်အရွယ် ကလေးများကို ဇန်နဝါရီ ၁၄ ရက်မှ စတင်ကာ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးမှုများ စတင်နေပြီဟု သိရသည်။
ဘရာဇီးနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ကာကွယ် ဆေးထိုးမှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းမှ စတင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် တစ်လကျော်ခန့်မှစတင်ကာ ကလေးများအတွက် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးရန် ဘရာဇီးနိုင်ငံရှိ အမျိုးသားထောက်လှမ်းရေး ကျန်းမာရေးအေဂျင်စီ က ခွင့်ပြုချက်ပေးခဲ့သည်။
ဖိုက်ဇာကာကွယ်ဆေးထိုးခွင့်ရှိသူ ကလေး အရေအတွက်မှာ သန်း ၂၀ ကျော်အထိရှိကြောင်း သိရသည်။
၎င်းတို့မှာ မိဘ၏ သဘောတူညီချက်ဖြင့် ကာကွယ်ဆေးထိုးနိုင်ကြောင်း သိရသည်။ ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေး ၃၀၀ ကျော်မှာ ကိုဗစ် -၁၉ကြောင့်သေဆုံးခဲ့ရကြောင်း သိရသည်။
ဘရာဇီးနိုင်ငံတွင် လူဦးရေ ၂၁၃ သန်းအနက် လူပေါင်း ၆၂၀၀၀၀ မှာ ကိုဗစ် -၁၉ ကြောင့် သေဆုံးခဲ့ ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက် အလက်များအရသိရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ လနှောင်းပိုင်း အိုမီခရွန်ကူးစက်မှုများစတင်သည့် အချိန်မှစတင်ကာ ဘရာဇီးနိုင်ငံတွင် ကူးစက်ခံရသူ ဦးရေမှာ တစ်ရှိန်ထိုးများပြားလာခဲ့သည်။
အေအက်ဖ်ပီ