
နယူးဒေလီ ဇန်နဝါရီ ၁၅
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကိုဗစ် - ၁၉ နှင့် ဆက်စပ်ပြီး သေဆုံးမှုများက ကာကွယ်ဆေး၏ အရေးပါပုံကို မီးမောင်းထိုးပြလျက်ရှိသည်ဟု ကျန်းမာရေးကျွမ်းကျင်သူများက အင်န်အိတ်ချ်ကေ သို့ ပြောသည်။
ပြသလျက်ရှိ
ဇန်နဝါရီ ၉ ရက်မှ ၁၂ ရက်အတွင်း နယူးဒေလီမြို့ တော်တွင် ကိုဗစ် -၁၉ နှင့်ဆက်စပ်ပြီး သေဆုံးသူ ၉၇ ဦးအနက် ၇၀ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးမထိုး ထားရသေးသူများဖြစ်သည်ဟု ဒေလီဆေးဘက် ဆိုင်ရာ ကောင်စီဥက္ကဋ္ဌဖြစ်သူ အာရန်ဂုပတာက ပြောသည်။
အဆိုပါသေဆုံးသူ ၉၇ ဦးအနက် ကာကွယ်ဆေး တစ်ကြိမ်ထိုးထားသူ ၁၉ ဦး ပါဝင်ပြီး နှစ်ကြိမ် ကာကွယ်ဆေးထိုးထားသူ နှစ်ဦးပါဝင်သည်ဟု သိရ သည်။ အဆိုပါရလဒ်များကိုကြည့်လျှင် ကာကွယ် ဆေးထိုးထားခြင်းဖြင့် ရောဂါပြင်းထန်မှုများကို ကာကွယ်ပေးနိုင်သည်ကို ပြသလျက်ရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အချိန်ပို၍တိုတောင်း
သေဆုံးသူများအနက် သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများလည်း ပါဝင်သည်။ အိုမီခရွန် ကူးစက်ခံရ၍ ဆေးရုံတက်ရသူများမှာ ဒယ်လ်တာ ကူးစက်မှုကြောင့် ဆေးရုံတက်ရသူများထက် ဆေးရုံ တွင် နေရသည့်အချိန်ပို၍တိုတောင်းကြောင်း ဂုပတာကပြောသည်။
အိန္ဒိယနိုင်ငံမြို့ပြဒေသများတွင် အိုမီခရွန် ကူးစက်မှု များပြားလာသည်။ သို့သော်လည်း ယခုအချိန်အထိ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ မှာ နိုင်နင်းနေဆဲဖြစ်သည်။ ဇန်နဝါရီ ၁၄ ရက်တွင် ရောဂါကူးစက်ခံရသူ ၂၆၄၂၀၂ ဦး ထပ်မံတွေ့ရှိခဲ့သည်။
အိန္ဒိယနိုင်ငံတွင် နေ့စဉ်ကူးစက်ခံရသူ ၂၀၀၀၀၀ ကျော်လွန်နေသည်မှာ နှစ်ရက်ဆက်တိုက်ရှိပြီဖြစ် သည်။ တိုင်းပြည်အတွင်း အိုမီခရွန်ကူးစက်ခံရသူ ပေါင်း ၅၇၅၃ ဦးရှိပြီဖြစ်သည်။
အင်န်အိတ်ချ်ကေ