
နယူးဒေလီ ဇန်နဝါရီ ၁၁
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၆၈၀၆၃ ဦး ရှိလာသောကြောင့် ဇန်နဝါရီ ၁၁ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၅၈၇၅၇၉၀ အထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ တစ်သိန်းခွဲကျော် ရှိလာသည်မှာ သုံးရက်မြောက်နေ့ ရှိပြီဖြစ်သည်။
ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၂၇၇ ဦးရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၈၄၂၁၃ ဦး အထိ ရှိလာ ခဲ့သည်။
အိန္ဒိယနိုင်ငံ၌ လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား လျက်ရှိသူ ၈၂၁၄၄၆ ဦးရှိပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ၉၇၈၂၇ ဦး မြင့်တက်လာခဲ့သည်။ လွန်ခဲ့သော ၂၄ နာရီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပျောက်ကင်းသွားပြီး ဆေးရုံမှ ဆင်းလာသူ ၆၉၉၅၉ ဦးအပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွားသူ ၃၄၅၇၀၁၃၁ ဦးရှိလာပြီဖြစ်သည်။ အိန္ဒိယနိုင်ငံ၌ အိုမီခရွန်ကူးစက် ဖြစ်ပွားသူပေါင်းမှာ ၄၄၆၁ ဦးအထိ ရှိလာပြီဖြစ်သည်။ ဆင်ဟွာ