နိုင်ငံတွင်းဖြစ်ပွားနေသော ကိုဗစ်-၁၉ အခြေအနေကို စိုးရိမ်မိကြောင်း ဖိလစ်ပိုင်သမ္မတပြောကြား

 

မနီလာ ဇန်နဝါရီ ၁၁ 
ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ဇန်နဝါရီ ၁၁ ရက်က သုံးသန်းကျော်လာမှုနှင့်အတူ နောက်ထပ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများဆုံး မှတ်တိုင်တစ်ခုကို ကျော်ဖြတ်ခဲ့သည်။ 
နောက်ထပ်   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၈၀၀၇ ဦးရှိကြောင်း ကျန်းမာရေးဌာနက ဖော်ပြခဲ့ပြီး နောက်  ဖိလစ်ပိုင်နိုင်ငံတွင်   ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၃၀၂၆၄၇၃ ဦး ရှိခဲ့သည်။ 
ထို့ပြင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၁၉ ဦး ရှိခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာနက  သတင်း ထုတ်ပြန်ခဲ့သောကြောင့်  စုစုပေါင်း ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ ၅၂၅၁၁ ဦး ရှိလာခဲ့သည်။  နိုင်ငံအတွင်း လတ်တလော  ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားနေသူ ၁၈၁၀၁၆ ဦး ရှိလာသောကြောင့်  ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၄၄ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။ 
ဖိလစ်ပိုင်နိုင်ငံ၏  နေ့စဉ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် ဇန်နဝါရီ ၁၀ ရက်က အများဆုံးဖြစ် ခဲ့ပြီး စုစုပေါင်းကူးစက်ခံရသူ ၃၃၁၆၉ ဦးရှိခဲ့သည်။ အားလပ်ရက်ရာသီတွင် ကျန်းမာရေးဆိုင်ရာ နည်းလမ်း များကို လိုက်နာရန် အားနည်းခဲ့ပြီး လူမှုရေး  ဆောင် ရွက်ချက်များ အမြင့်ဆုံးဖြစ်ခဲ့သောကြောင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု   တိုးလာသည့်အပေါ်  ဒေသ ဆိုင်ရာအာဏာပိုင်များက   ပြစ်တင်ဝေဖန်လျက် ရှိသည်။ 
ကျန်းမာရေးဝန်ကြီး ဖရန်စစ္စကိုဒုက  ဖိလစ်ပိုင် သမ္မတ ရိုဒရီကို ဒူတာတေးနှင့် တွေ့ဆုံမှုတွင် နိုင်ငံ အတွင်းရှိ ကိုဗစ်-၁၉ အခြေအနေမှာ  ယခုအခါတွင် အရေးပေါ်အခြေအနေသို့     ရောက်ရှိနေပြီဖြစ် ကြောင်း ပြောကြားခဲ့သည်။ 
ဖိလစ်ပိုင်သမ္မတ  ဒူတာတေးက  နိုင်ငံတွင်းရှိ ကိုဗစ်-၁၉  အခြေအနေနှင့်ပတ်သက်ပြီး    စိုးရိမ်မိ ကြောင်း ပြောကြားခဲ့သည်။  
ထို့အပြင်  နိုင်ငံတွင်းရှိ ကိုဗစ်-၁၉ အခြေအနေ သည်  ယခုအခါတွင် စိုးရိမ် ဖွယ်    သတိပေးမှုတစ်ခု  ဖြစ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။                      
                   ဆင်ဟွာ