
မက္ကဆီကိုစီးတီး ဇန်နဝါရီ ၁၁
ဒုတိယအကြိမ် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း မက္ကဆီ ကိုသမ္မတ အန်ဒရက်စ် မန်နျူရယ် လိုပက်ဇ် အိုဘရာဒေါက ဇန်ဝါရီ ၁၀ ရက်တွင် ပြောသည်။
အသက် ၆၈ နှစ်ရှိပြီဖြစ်သော လိုပက်ဇ်မှာ ကိုဗစ် -၁၉ ကူးစက် ခံထားရသော်လည်း အပျော့စား လက္ခဏာများကိုသာ ခံစားရ ကြောင်းနှင့် တစ်ဦးတည်း သီးခြား ခွဲ နေစဉ်အတွင်း လုပ်ငန်းဆောင် တာများကို ဆက်လက်လုပ်ဆောင် နိုင်သည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
သီးခြားခွဲနေသည့် ကာလ မပြီးဆုံးမီအချိန်အထိ အွန်လိုင်း ပေါ်မှတစ်ဆင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင်ပုံမှန်ပြုလုပ်နေကျ သတင်း စာရှင်းလင်းပွဲအပြီးတွင် ၎င်း၌ ကိုဗစ် -၁၉ ဒုတိယအကြိမ် ကူးစက်ခံထားရကြောင်း အတည် ပြုခဲ့သည်။ သာမန်အအေးမိသည့် လက္ခဏာများသာ ခံစားရကြောင်း ပြောသည်။
သမ္မတကို ရောဂါကြောင့် ခွဲထားစဉ်အတွင်း ပြည်ထဲရေး ဝန်ကြီး အာဒန်အော်ဂတ်စ်တို လိုပက်ဇ်က သတင်းစာရှင်းလင်း ပွဲကိုဦးစီးကာ လုပ်ဆောင်သွား မည်ဖြစ်သည်။ ထို့ပြင် အခြားသော ပွဲ အခမ်းအနားများကိုလည်း တက်ရောက်သွားမည်ဖြစ်သည်။
မက္ကဆီကို သမ္မတသည် ကိုဗစ်- ၁၉ ကာကွယ်ဆေး အပြည့် ထိုးထားသည့်အပြင် တတိယအကြိမ် ကာကွယ်ဆေး ကိုလည်း ထိုးထားပြီးဖြစ်သည်။ ၎င်းမှာ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ အတွင်း ကိုဗစ် - ၁၉ ကူးစက်ခံရ ကာ ထိုစဉ်ကလည်း အသေး စား လက္ခဏာများသာ ပြသ သည်။
ဆင်ဟွာ