အပ်ဖျားရေစက်

Type
33

 

 

တောသားလေး

 

စည်းကမ်းလိုက်နာ
၂၀၁၉ ခုနှစ်က စတင်ကူးစက်ပျံ့နှံ့ လာတဲ့ ကိုဗစ် - ၁၉ ကပ်ရောဂါ ဘေးဆိုး ကြီးဟာ ကမ္ဘာပေါ်ရှိ  နိုင်ငံများစွာမှာ လျင်မြန်စွာဖြစ်ပွားပြီး    လူသား    သန်း ၃၀၀ ခန့်ကို ရောဂါရစေတယ်။ အသေ အပျောက်တွေလည်း   ကြောက်ခမန်း လိလိ များပြားခဲ့တယ်။
မြန်မာနိုင်ငံမှာလည်း    ကမ္ဘာ့နိုင်ငံ အချို့မှာ စတင်ဖြစ်ပွားစဉ်ကပင် ဒီရောဂါ ဟာ    ပေါ့ဆလို့မရဘူး။   စနစ်တကျ စည်းကမ်းလိုက်နာပြီး       ကျန်းမာရေး သတိရှိရှိ       ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်တဲ့ နှာခေါင်းစည်းတပ်ခြင်း၊ လူစုလူဝေးကို  ရှောင်ကြဉ်ခြင်း၊  လူစု လူအုပ်စုရုံးများ မပြုလုပ်ခြင်း၊ မကြာခဏ လက်ကို  ဆပ်ပြာနဲ့  ဆေးကြောခြင်း၊ တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေ အကွာထက်   ပိုပြီးမကပ်ခြင်း    စတဲ့ စည်းကမ်းတွေကို      လိုက်နာကြတဲ့ အရပ်ဒေသတွေမှာ      ရောဂါဖြစ်တာ နည်းတယ်၊  သက်သာတယ်၊  အသေ အကျေ  နည်းတယ်။
ကူးစက်မြန်ကပ်ရောဂါ    ဘေးဆိုး ကြီးဟာ သဘာဝအလျောက် ပေါ်ပေါက် လာတာလား၊   လူသားတွေ  စမ်းသပ် ဖန်တီးပြီး       ဓာတ်ခွဲခန်းတစ်ခုခုက လျှို့ဝှက်ထုတ်လုပ်လိုက်တာပေလား။  အဖြေကတော့ ခက်ခဲသိမ်မွေ့တဲ့ သိပ္ပံ ဆန်းကြယ်ပဟေဠိတစ်ပုဒ်ပါပဲ။ သုတေ သန ရှာဖွေလေ့လာချက်အရ တိကျတဲ့ အဖြေတစ်ခုခုတော့     တစ်နေ့နေ့မှာ ခိုင်ခိုင်မာမာ ပေါ်ပေါက်တွေ့ရှိလာမှာပါ။ အဖြေမတွေ့တဲ့  ပုစ္ဆာမရှိပါ။
စည်းကမ်းလိုက်နာမှု    အားနည်းရင် ဆင်းရဲချမ်းသာမရွေး၊      လူမျိုးမရွေး ကိုဗစ်-၁၉    ကူးစက်မြန်ကပ်ရောဂါ      မျိုးကွဲအမျိုးမျိုး  ဒယ်လ်တာ၊  အိုမီခရွန် စတဲ့  မမြင်ရတဲ့   ပိုးတွေဟာ  နိုင်ငံပေါင်း များစွာကို  ပျံ့နှံ့နေဆဲပါ။   ကံကောင်းတာ က ကာကွယ်ဆေးကို  တရုတ်၊  အိန္ဒိယ နိုင်ငံတွေက   ဖော်စပ်ထုတ်လုပ်နိုင်ကြပါ တယ်။  မြန်မာပြည်ကို ရောင်းပေးတယ်။ အမေရိကန်ကတော့      ရောင်းလည်း မရောင်းဘူး။ လှူမယ်၊ ပေးမယ် ပြောပေ မယ့် ကိုဗစ် ကာကွယ်ဆေး တစ်လုံးလေး တောင် မရောင်းခဲ့သေးပါဘူး။ ရှိစေ….
ဘယ်သူတွေဟာ မိတ်ဆွေကောင်း လဲ။
ဘယ်သူတွေကတော့    မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးကို     ဘေးဒုက္ခအမျိုးမျိုး၊ ကပ်ဆိုးရောဂါဆိုး ပျံ့နှံ့ကူးစက် သေကျေ ပျက်စီးစေချင်နေတာလဲ။    လက်တွေ့ ထင်ထင်ရှားရှား ခွဲခြားပြီး သိရ မြင်ရတာ က အမြတ်ပဲပေါ့။ အင်္ဂလန်တို့၊ ဥရောပတို့၊ အမေရိကန်တို့မှာလည်း    ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုက သိသိသာသာ မကျသေး ဘူး။ အခြေအနေဆိုးနေဆဲပဲ။
ဘေးကင်းကွာ
မြန်မာနိုင်ငံမှာတော့ ပြည်သူတစ်ရပ် လုံးနဲ့ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉   ကပ်ရောဂါ       ကာကွယ်ရေးအတွက် ကျန်းမာရေးစည်းကမ်းတွေကို  တတ်နိုင် သမျှ မပေါ့မဆကြိုးကြိုးစားစား လိုက်နာ ကာကွယ်ခဲ့ကြတဲ့အတွက် လက်ရှိ အခြေ အနေမှာ အထိုက်အလျောက် တားဆီး တွန်းလှန်နိုင်နေပါတယ်။    စည်းကမ်း တကျ စည်းလုံးကြတာရဲ့ အကျိုး။
ဒါကြောင့်  ပညာရေး မနှောင့်နှေးရ လေအောင်  တက္ကသိုလ်၊ ကောလိပ်တွေ လည်း ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ကြပ်မတ်လိုက်နာပြီး ဖွင့်ကြပေတော့မယ်။
ပညာရေး
အခြေခံပညာ  ကျောင်းတွေလည်း ပညာသင်မပျက်    ဆက်လက်ဖွင့်လှစ် သင်ကြားနေကြတယ်။    အန္တရာယ်ရှိ လောက်အောင်  ရောဂါတွေ့ရှိမှုများတဲ့ မြို့နယ်အချို့ကို       ခြွင်းချက်အနေနဲ့ ပိတ်ထားရဆဲတော့ရှိသပေါ့။ တစ်နိုင်ငံလုံး က ကျောင်းအားလုံးကိုတော့ ကလေး တွေ ပညာရေးမနှောင့်နှေး   မပျက်ပြားရ စေဖို့    ကြိုးစားပြီး    ဖွင့်ကြရတယ်။ ပညာရေးဟာ နိုင်ငံနဲ့လူမျိုးရဲ့  အနာဂတ်  အကောင်း အဆိုး၊ အနိမ့်အမြင့်၊ အတက် အကျကို အဓိကကျတဲ့ အခြေခံအရင်း အမြစ်ဖြစ်လို့      နိုင်ငံတော်အစိုးရက အထူးပဲအလေးထား အာရုံစိုက်ပြီး ဦးစား ပေးနေတယ်။
အထူးသဖြင့် တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်း၊ အလယ်တန်း ကျောင်း သား ကျောင်းသူ၊   လူငယ်လူရွယ်တွေဟာ အနာဂတ်ကို   တည်ဆောက်ဖန်တီးကြ မယ့်  တိုင်းပြည်ရဲ့  မျိုးဆက်သစ်တွေပဲ မဟုတ်လား။    သူတို့လေးတွေဟာ အညွန့်အဖူးလေးတွေပဲ။  သူတို့အတွက် ရည်ရွယ်ပြီး  တိုတိုကျဉ်းကျဉ်း   စကား ငါးခွန်းလောက် မျှဝေလက်ဆင့်ကမ်းချင် ပါတယ်။
မိဘတွေ၊ ဆရာ ဆရာမတွေ ဖတ်မိ လို့   သိရရင်    မိမိသားသမီးလေးတွေ၊ တပည့်တပန်း    ကျောင်းသားလေးတွေ (ကျောင်းသူတွေလည်း ပါတာပေါ့ကွယ်)အားလုံးက   ကြားကြမြင်ကြစေချင်ပါ တယ်။ 
လက်ဆင့်ကမ်း
စာရေးသူက မြန်မာပြည်က ဗြိတိသျှ ဘားမားရုပ်ရှင်ကုမ္ပဏီပိုင်ရှင်    သူဌေး ဦးညွန့်၊ ပဲရော့ကုမ္ပဏီသူဌေး ဦးဆန်နီ၊ ပခုက္ကူမြို့မှ   စာပေဆုတည်ထောင်ပေး သွားခဲ့သူ ပခုက္ကူ ဦးအုံးဖေ၊ ကျိုင်းတုံမြို့မှ နောင်တုံကုမ္ပဏီပိုင်ရှင်     ဦးစိုင်းတစ် အောင်၊ မန္တလေးမြို့မှ ဆေးရုံကြီး လူနာ ဆောင်များ၊   ဓာတ်လှေကား၊  ဆေးဝါး စသည်တို့ကို     လှူဒါန်းပါဝင်တဲ့    ယူဒီ ဦးခင်မောင်ဝင်း၊      အောင်သမာဓိ  ဦးအောင်  (ခ)  ဦးအောင်ဆန်းဝင်းတို့ရဲ့ ကြိုးစားအောင်မြင်မှုတွေ   အကြောင်း ရေးခဲ့ဖူးတယ်။    အားကျလောက်တဲ့ ပုဂ္ဂိုလ်တွေပေါ့။ 
ဖတ်ရမှတ်ရသမျှ     ကတ်စထရို၊ မာရှယ်တီးတိုး၊ ချေဂွေဗာရား၊ ဟိုချီမင်း၊ မော်စီတုံး၊  ဟိုဆေးရီဇော်၊  လင်ကွန်း၊ အဗ္ဗဒူကာလမ်၊ နရိန္ဒရာမူဒီ၊ လီကာရှင်း၊ ဂျက်မား   စတဲ့ပုဂ္ဂိုလ်တွေရဲ့  အားထုတ် ကြိုးစားပုံတွေကိုလည်း    ရေးလည်းရေး တယ်။ စာပေဟောပြောပွဲတွေမှာလည်း ဟောပြောလေ့ရှိခဲ့တယ်။
အသိမျှဝေ
လူငယ်လူရွယ် အညွန့်အဖူးလေးတွေ ဟာ   အမြင်ကျဉ်းပြီး  အသိခေါင်းပါးရင် ကြိုးစားချင်စိတ် မထက်သန်ဘူး။ ပညာ လိုလားတဲ့ ကြိုးစားလိုစိတ်ဟာ ပညာရ ကြောင်း တရားမှာ အဓိကအခြေခံအကျ ဆုံး ဖြစ်တယ်လို့ အာဠာဝက နတ်ဘီလူး ကြီးကမေးလို့       မြတ်စွာဘုရားက ဖြေကြားခဲ့တာ(အာဠာဝကသုတ္တံဆိုတာ သားတို့ သမီးတို့    ရှာဖွေလေ့လာကြည့်ကြ ပါ)။ အောင်ခြင်းရှစ်ပါးထဲက စိတ်ဝင်စား စရာကောင်းလှတဲ့ အာဠာဝက  ချွတ်ခန်း မှာ အဲဒီအမေးအဖြေ  ၁၃  ချက်ဟာ ဘဝ တစ်သက်တာ မှတ်သားထိုက်တဲ့ မြတ်စွာ ဘုရားရဲ့  လမ်းညွှန်တရားတော်တစ်ပုဒ် ပါပဲ။
သူများတွေ ဘာကြောင့် အောင်မြင် သလဲ။
ကိုယ့်ဘဝမှာ သူနဲ့ထပ်တူကျအောင် ပုံတူကူးလို့ မရပေမယ့် သူတို့သိတဲ့၊ သူတို့ သုံးတဲ့ နည်းလမ်းဗျူဟာ နည်းနာနိဿယ တွေကတော့ သိရရင် ကောင်းတာပေါ့။ မသိရင် ခက်တယ်၊ သိရင်လွယ်တယ်။ အတဲ့၊ နုံတဲ့လူစားတွေက သူတို့ကိုယ်တိုင် တွေ့ကြုံရတဲ့    ဘဝသင်ခန်းစာတွေမှ တစ်ဆင့်  သင်ယူကြတယ်။ ကျွန်ုပ်က တော့ သူများတွေရဲ့ ဘဝအတွေ့အကြုံ တွေ(စာအုပ်စာပေကရနိုင်တဲ့) သင်ခန်းစာ တွေကနေ လေ့လာဆည်းပူးပါတယ်လို့ တစ်ခါက  ဂျာမန်နန်းရင်းဝန်ဖြစ်ခဲ့တဲ့ ဗွန်ဘစ်စမတ်ဆိုတဲ့ ဥရောပခေါင်းဆောင် တစ်ဦး ရေးခဲ့ဖူးတယ်။
ဟုတ်တာပေါ့။     လူ့ဘဝဆိုတာ တိုတိုလေးပဲ။
အသက်ရှစ်ဆယ်၊  တစ်ရာအတွင်း ကိုယ့်ဘဝတစ်လျှောက် တွေ့သလောက်၊ မြင်သလောက် လုံလောက်ပြီထင်နေရင် ဒီလူဟာ လူညံ့ဖြစ်ပေမှာပေါ့။ ကျောင်း ပညာ သင်သင်၊ မသင်သင်၊ စာအုပ်စာပေ ပေါင်းများစွာကို  ဖတ်ရှုလေ့လာမှတ်သား ရင် သူက ဗိုလ်ချုပ်အောင်ဆန်းနဲ့လည်း အနီးကပ်ရင်းနှီးနိုင်တာပဲ။   ဟိုချီမင်း၊ မော်စီတုံး၊ ကတ်စထရို၊ အေဘရာဟမ် လင်ကွန်း၊ ကွန်ဖျူးရှပ်စ်၊ ဂေါတမဗုဒ္ဓ စသည် စသည် သိရှိနိုင်တယ်နော။ 
ရှေးက ရှေ့က ဟောကြားပြောပြခဲ့ တာတွေကို     လေ့လာမှတ်သားရင် လူတော်   လူချွန်   လူမွန်တစ်ယောက် (လမ်းလွဲလမ်းချော်တွေ      ကွေ့ကွေ့ ကောက်ကောက် အချိန်မကုန်တော့ဘဲ) လွယ်လွယ်ကူကူနဲ့ ဖြစ်နိုင်ပေတာပေါ့။ စာဖတ်တဲ့သူတွေကတော့    ဗဟုသုတ ပြည့်ဝစမြဲပဲ။ ခေါင်းဆောင်ဟူသမျှက စာပေကို  တော်တော်များများ လေ့လာ ဖတ်ရှုခဲ့ကြသူတွေပါပဲ။ 
သူဘယ်သူလဲ 
ဒီနေရာမှာ    မောင်တို့မယ်တို့ကို အယ်လွန်မက်စ်ဆိုတဲ့ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၁ မှာ ကမ္ဘာ့အထူးခြား အထင်ရှားဆုံးပုဂ္ဂိုလ်လို့ တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်သတ်မှတ်ပြီး မျက်နှာဖုံးမှာ သူ့ပုံကို ဖော်ပြခဲ့ပါတယ်။ 
သူက ဘယ်သူလဲ။ အချိန်ကို ငဲ့သော အားဖြင့် မောင်တို့မယ်တို့  ကိုယ်တိုင် သတင်းစာ၊ ဂျာနယ်၊ လက်ကိုင်ဖုန်းထဲက ဂူဂဲလ် စတဲ့ စာမျက်နှာတွေမှာ ဆက်လက် ဖတ်ရှုလေ့လာ      ကြည့်လိုက်ပါလို့ တိုက်တွန်းပါတယ်။
သူလိုလူစား 
ကမ္ဘာပေါ်မှာ  ၂၀၂၁  ခုနှစ်အတွင်း ဝင်ငွေအကျိုးအမြတ် အများဆုံးရအောင် စွမ်းဆောင်နိုင်တဲ့ သန်းကြွယ်သူဌေးကြီး တစ်ယောက်ပေါ့။     အသက်လည်း သိပ်မကြီးလှသေးပါဘူး။    သန်းကြွယ် သူဌေးဖြစ်နေတာတော့ ကြာပါပြီ။ ကမ္ဘာ့ အဆင်းရဲဆုံး လူသားတွေကို သန်းပေါင်း များစွာ   လှူဒါန်းမယ်  ကြေညာတော့ လူသိပိုများသွားတာပေါ့။ ထားပါတော့။
သူ့ရဲ့ ဥပဓိရုပ်ကို ကြည့်လိုက်ပါ။
ရည်ရည်မွန်မွန်၊ ကြည်ကြည်လင်လင် တွေ့ရမယ်။
သူ  ၂၀၂၂  ခုနှစ်  နှစ်သစ်နှစ်ဦးမှာ စကားငါးခွန်း ပြောခဲ့တယ်။ ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် ပြောတဲ့စကားက လူငယ်လူရွယ်များအတွက်  တိုးတက် အောင်မြင်စေချင်တဲ့   ရည်ရွယ်ချက်နဲ့ ပြောတာပါလို့ သူကဆိုတယ်။ စာဖတ်သူ များ သိပြီးပြီလား။  
အယ်လွန်မက်စ်ဟာ သူ့ရဲ့ ဥပဓိရုပ် အရ၊   သူ့ရဲ့   ကိုယ်ရည်ကိုယ်သွေးနဲ့ လုပ်ရည်ကိုင်ရည်အရ  ၂၀၂၁ ခုနှစ်ရဲ့ အထူးခြားဆုံးပုဂ္ဂိုလ်ရယ်လို့    တိုင်းမ် မဂ္ဂဇင်းက  ရွေးချယ်ခံရလို့  ချီးမြှောက် နေခြင်းမဟုတ်ပါ။    ယုံကြည်လေးစား နိုင်တဲ့    လူတစ်ယောက်လို့   ယူဆရပါ တယ်။
သူပြောတဲ့စကားဟာ    စေတနာ ပါတယ်။ မှန်ကန်တယ်။ အချိန်အခါနဲ့ ဆီလျော်တယ်။      အခြေအနေအရ သင့်တော်တယ်။ နားထောင်သူအတွက် အကျိုးရှိစေလောက်တဲ့    အကြောင်း အချက်တွေပဲလို့ယူဆတယ်။ 
သူဌေးစကား
အယ်လွန်မက်စ် ပြောပြတဲ့စကားကို စာဖတ်သူက    ကြိုက်ရင်   မှတ်သား ကျင့်သုံးကြည့်ပေါ့။
မကြိုက်ရင်မမှတ်နဲ့။ မယူနဲ့။ ဒါပါပဲ။
စာရေးသူက    ဖတ်သူအတွက် အသုံးချကြည့်ရင်တော့      အကျိုးတစ်စုံ တစ်ရာရှိလောက်မှာ   သေချာတယ်လို့ မှန်းဆမိတဲ့အတွက်   လက်ဆင့်ကမ်း မျှဝေခြင်းပါ။
သူပြောတာက-
၁။    Be useful   -        အသုံးကျပါစေ။
၂။    Contribute -        လူ့အဖွဲ့အစည်း 
    to society        အတွင်းမှာ အပြု 
            သဘော ပါဝင်                 လုပ်ဆောင်ပါ။
၃။    Don’t try    -    ခေါင်းဆောင် 
    to be a        တစ်ဦးရယ်လို့ 
    leader        ဖြစ်လာအောင်                 မကြိုးပမ်းပါနဲ့။
၄။    Read books    -    စာအုပ်များကို 
    and inject         ဖတ်ပါ။ အသိ
    information        ပညာ အကြံသစ်  
            ဉာဏ်သစ် 
            လောင်းပါ။
၅။    Talk the    -    လူတွေနဲ့စကား
    people           ပြောပါ။
အယ်လွန်မက်စ်ဆိုတဲ့   ကမ္ဘာကျော် သန်းကြွယ်(အချမ်းသာဆုံးလို့  ပြောနေ ကြတာပဲ)   သူဌေးကြီးတစ်ယောက်ရဲ့ စကားကို အောင်မြင်မှုကိုပန်းတိုင်ထား ပြီး  ကြိုးစားအားထုတ်နေကြတဲ့  လူငယ် အားလုံးအတွက်   နှစ်သစ်ကူး  နှစ်ဦး လက်ဆောင်ပေးလိုက်ခြင်းပါပဲ။
အသုံးကျပါစေ
သူပြောတာတွေကို    အသေးစိတ် မဖော်ပြတော့ပါ။ အယ်လွန်မက်စ် တိတိ ကျကျ ရေးထား၊ ပြောထားတာကလည်း ရှင်းလင်းပြီးသားပါ။   အသုံးကျပါစေ။ အသုံးကျအောင် ကြိုးစားနေပါ။ အသုံးကျ အောင် ကြိုးစားရတာဟာ လက်တွေ့မှာ တကယ်တမ်း ခက်ခဲပင်ပန်းလှပါတယ်လို့ ပြောထားပါသေးတယ်။
ကိုဗစ်ရောဂါကုသဖို့အတွက် အများ ပြည်သူကုသရာမှာ အသုံးပြုရန် ပြည်ပမှ တင်သွင်းသယ်ဆောင်လာတဲ့ အောက်ဆီ ဂျင်တိုင်ကီတင်ကားနဲ့  ယာဉ်မောင်းကို ပစ်ခတ်သတ်ဖြတ်ခြင်းမျိုး၊  လူနာတင် ယာဉ်ကို  မိုင်းခွဲတိုက်ခိုက်ခြင်းနဲ့ ပြည်သူ အများ   သွားလာအသုံးပြုနေတဲ့   လမ်း၊ တံတားများကို     မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းမျိုးတွေက   ဘယ်လောက် များ ဆိုးရွားလှပါသလဲ။
သူရဲဘော    ကြောင်ရုံမျှသာမက  မိုက်မဲယုတ်မာလွန်းပါတယ်။ အကုသိုလ် အကျိုးပေးမယ့်       ဆိုးရွားမှုတွေမို့  အောင်မြင်မှုနဲ့ ဝေးလွန်းပါရဲ့ကွယ်။
သန်းကြွယ်သူဌေးကြီး   အယ်လွန် မက်စ်အကြံပေးတဲ့ ဒုတိယအချက်ဖြစ်တဲ့ လူ့အဖွဲ့အစည်း၊  လူအများကို ကူညီ ရိုင်းပင်း     ထောက်ပံ့ပေးပါဆိုတာနဲ့ ဆန့်ကျင်ဘက်တွေ  လုပ်နေသမျှ ဘဝ တက်လမ်းနဲ့   အောင်မြင်မှုဟာ   ရနိုင်ပါ တော့မလားကွယ်။
ခေါင်းဆောင်    ဖြစ်ရမယ်လို့တော့ မကြိုးစားလေနဲ့ဆိုတာက အမှန်တကယ် သာ  ကိုယ်က  လူတော်လူကောင်းဖြစ်နေ ရင်  ခေါင်းဆောင်နေရာ၊  ခေါင်းဆောင် တာဝန်ဆိုတာ  အလိုလို   ထင်ပေါ်ရင် စင်တော်ကကောက်စမြဲမို့  မိမိကိုယ်ကို အတ္တသမ္မာပဏီဓိစ   မင်္ဂလာနဲ့   ပြည့်စုံ အောင်ပဲ အတ္တာဟိ အတ္တနော နာထော ကိုယ်တိုင် လူကောင်းလူတော်ဖြစ်ဖို့သာ လုပ်ပါလို့ ဆိုလိုပုံရပါတယ်။
ကမ္ဘာကျော်    သိပ္ပံပညာရှင်တွေ၊ ပညာကျော်တွေ၊   နိုင်ငံရေး၊   စစ်ရေး ခေါင်းဆောင်ကြီးတွေ၊  သူဌေးသူကြွယ် ကြီးတွေအားလုံးဟာ   စာသိပ်ဖတ်ခဲ့ကြ ပါတယ်။   စာအုပ်စာပေမှာ   မွေ့လျော် တော့   သူတကာတွေထက်  ခေါင်းပေါ် ကျော်ပြီး   မြော်မြင်နိုင်ကြပေတာပေါ့။  စာမဖတ်ဘဲ       ခေါင်းဆောင်နေရာ    တက်ထိုင်ရင်တော့ ကျတဲ့အခါကြောင်ကျ မကျဘူး။  စာများများ  ဖတ်သူများသာ လျှင်    ထိပ်ဆုံးသို့   ရောက်စမြဲထုံးစံ။ စာကောင်းပေကောင်းတွေကို အဖော်ပြု ပါလေ။
မေးမြန်းလေ့လာ
အမှတ်စဉ်(၅)အချက်    လူတွေနဲ့ စကားပြောပါဆိုတာ ကိုယ်ကသွားပြီး လေပေါနေဖို့   မဟုတ်ပါ။ သူတို့အမြင်၊ သူတို့အတွေး၊  သူတို့ဘဝအတွေ့အကြုံ၊ သူတို့ခံစားချက်၊    သူတို့ထင်မြင်ချက်၊  သူတို့ရဲ့ လက်တွေ့ဘဝထဲကို ထဲထဲဝင်ဝင် သိမြင်နားလည်ပါမှ ကိုယ်ပြောမယ့်၊ လုပ် မယ့်၊ စီမံမယ့်အကြံဉာဏ်က   အံဝင်ခွင် ကျ ဖြစ်မယ်မဟုတ်လား။
အသက်မွေးမှု   မတူ၊  ဒေသမတူ၊ အသက်အရွယ်မတူ၊     အုပ်စုမတူတဲ့ လူမျိုးစုံနဲ့ တွေ့ပါမေးပါ၊
ထိတွေ့ပါ။ သိအောင်လေ့လာပါတဲ့။ နယ်ပယ်စုံကိုသိနေရမယ်။
စာဖတ်သူ လူငယ်လူရွယ်အပေါင်း တို့-
ကမ္ဘာကျော်        သူဌေးတစ်ယောက် (အယ်လွန်မက်စ်ဟာ   အချမ်းသာဆုံး ဖြစ်ရုံမက  တစ်နှစ်တာကာလအတွင်း ၃၀၄ ဘီလီယံမှ ၃၀၆ ဘီလီယံထိအောင် ပိုမိုကြွယ်ဝသွားပြန်ပါပြီတဲ့။ နောက်ဆုံး သတင်းအရ)     နှစ်သစ်ကူး     နှစ်ဦး လက်ဆောင် ပြောတဲ့စကား ငါးချက်က အပ်ဖျားရေစက်ပါပဲ မောင်ရေ။ အမောင် တို့၊ အမိတို့  ကြည့်တတ်ရင် ပင်လယ်ကို ပင် မြင်တွေ့ရနိုင်တယ်။
အပ်ဖျားရေစက်   အနက်ပင်လယ် ဆိုတာ       အသုံးချတတ်သူအတွက် မောင်ပေါက်ကျိုင်း  ထီးနန်းစံရတဲ့ကိန်း ပါပဲကွယ်။ မေးပါများစကားရ၊ သွားဖန် များ ခရီးရောက်၊ မအိပ်မနေ အသက်ရှည် တဲ့။ အိပ်မနေနဲ့ ကိုယ့်လူရေ  စာကောင်း ပေကောင်းတွေ   မိတ်ဆွေဖွဲ့မှ  လူရာ ဝင်ပေလိမ့်မယ်ခင်ဗျာ။    ။