အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်များ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊  ဒုတိယနှစ်ဝက် ဘွဲ့ကြိုသင်တန်းများ  ၁၇-၁-၂၀၂၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်

 

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊   အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)နှင့်      အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)တို့၏    ၂၀၁၉ - ၂၀၂၀ ပညာသင် နှစ်အတွက်    သက်ဆိုင်ရာ   အထူးပြုဘာသာရပ်များအလိုက်   အောက်ဖော်ပြပါ   ဒုတိယနှစ်ဝက် ဘွဲ့ကြိုသင်တန်းအသီးသီးကို ၁၇-၁-၂၀၂၂ ရက်နေ့တွင်    ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်-
    (က)    (ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်)ပညာ ဒုတိယနှစ် (ဒုတိယနှစ်ဝက်) ဘွဲ့ကြိုသင်တန်း
    (ခ )    (ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်)ပညာ တတိယနှစ် (ဒုတိယနှစ်ဝက်) ဘွဲ့ကြိုသင်တန်း
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်/မန္တလေး)