
နေပြည်တော် ဇန်နဝါရီ ၁၁
၁။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၅ ရက်နေ့တွင် ပုံမှန်အခြေအနေထက် လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးနိုင်မှု (၁၄၇၀)မဂ္ဂါဝပ်ခန့် လျော့နည်းနေသဖြင့် ဝန်အား ထိန်းညှိမှုအရ အချို့သောနေရာများတွင် ဝန်အားလျှော့ချရခြင်း များအပေါ် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန်နှင့် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ကို အမြန်ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံကိန်းသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းကို “နိုင်ငံတော်ဓာတ်အား စနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိသော စက်ရုံကြီး များ၏ ဓာတ်အားထုတ်လုပ်နိုင်မှု
လျော့နည်းလာသည့် အခြေအနေနှင့်စပ်လျဉ်း၍ အများပြည်သူ သို့ပန်ကြားချက်” ဖြင့် အသိပေးပန်ကြားခဲ့ပြီး ဖြစ်ပါသည်။
၂။ ယခင်ပန်ကြားစာပါ ရတနာကမ်းလွန် စီမံကိန်းပြုပြင်ထိန်းသိမ်း ခြင်း လုပ်ငန်းများမှာ ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ မဂ္ဂါဝပ် (၅၄၀)ခန့် ပြန်လည်ထုတ်လုပ်နိုင်ပြီ ဖြစ်သော်လည်း (၃-၁-၂၀၂၂) ရက်နေ့တွင် (၄)ကြိမ်မြောက် ဖျက်ဆီး ခြင်းခံခဲ့ရသော ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-ရွှေမြို့ ဓာတ်အားလိုင်းနှင့် (၁၈-၁၂-၂၀၂၁) ရက်နေ့တွင် (၄)ကြိမ်မြောက် ဖျက်ဆီးခြင်းခံခဲ့ရသော ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-တောင်ငူဓာတ်အားလိုင်းတို့ကို လုံခြုံရေး ရယူ၍ ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ (၉-၁-၂၀၂၂) ရက်နေ့ (၂၁:၂၀)နာရီတွင် ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်းသည် (၂)ကြိမ်မြောက် တာဝါတိုင်များ ထပ်မံဖျက်ဆီး ခံခဲ့ရသဖြင့် ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား (၂၂၀) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော် ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားပြတ်တောက် လျက်ရှိပါသည်။ ထို့အပြင် ဓာတ်ငွေ့ဈေးနှုန်းမြင့်တက်နေသဖြင့် LNG ဓာတ်အားပေး စက်ရုံများ၏ ထုတ်လုပ်မှု (၇၅၀)မဂ္ဂါဝပ်ခန့်မှာ ရပ်တန့်ထားရခြင်းကြောင့် စုစုပေါင်း ဓာတ်အား (၉၇၀) မဂ္ဂါဝပ်ခန့်မှာ ဆက်လက်လျော့နည်းနေပြီး ဝန်အားထိန်းညှိခြင်းများ ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (၉၇၀) မဂ္ဂါဝပ်ခန့်အတွက် ဝန်အားထိန်းညှိမှုအရ အချို့သောနေရာများ တွင် ဓာတ်အားသုံးစွဲမှုများပြားသော နံနက် (၀၇:၀၀) နာရီမှ နေ့လယ် (၁၁:၀၀) နာရီအတွင်းနှင့် ညအချိန် (၁၇:၀၀) နာရီမှ (၁၉:၀၀) နာရီ အချိန်အတွင်း ဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်းနှင့် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှု များရှိပါက နားလည်ပေးနိုင်ပါရန်နှင့် ပျက်စီးသွားသော တာဝါတိုင်များ အား အမြန်ဆုံးပြင်ဆင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို အမြန်ဖြည့်ဆည်းပေးနိုင် ရေးအတွက် စီမံကိန်းသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်းကို အသိပေးအပ်ပါသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန