တောင်ကိုရီးယားတွင် နိုင်ငံ့လူဦးရေ၏ ၈၆ ဒသမ ၄ ရာခိုင်နှုန်း  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးဖြစ်

 

 

ဆိုးလ်   ဇန်နဝါရီ    ၁၀  
တောင်ကိုရီးယားနိုင်ငံတွင်    ဇန်နဝါရီ   ၉   ရက် ညသန်းခေါင်အထိ    ကိုဗစ်-၁၉    ထပ်မံကူးစက် ဖြစ်ပွားသူ လွန်ခဲ့သော ၂၄ နာရီနှင့် နှိုင်းယှဉ်ပါက  ၃၀၀၇ ဦးတိုးလာပြီးနောက် စုစုပေါင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၆၆၇၃၉၀  အထိ ရှိလာခဲ့သည်။ 
နေ့စဉ်   ကိုဗစ်-၁၉     ကူးစက်ဖြစ်ပွားမှုသည် ယမန်နေ့      အမြင့်ဆုံးကူးစက်ဖြစ်ပွားသူ   အရေ အတွက် ၃၃၇၃ ဦးထက် ကျဆင်းခဲ့ပြီး ၄၀၀၀ အောက် ကျခဲ့သည်မှာ လေးရက်ဆက်တိုက်ရှိပြီဖြစ်သည်။  မကြာသေးမီက    မြင့်တက်လာသော    ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် ဆိုးလ်ဒေသ၏ ကိုဗစ်-၁၉ အစုလိုက်    ကူးစက်ဖြစ်ပွားမှုကြောင့်ဖြစ်ကြောင်း သိရသည်။ 
ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ များအနက် ပြည်ပကူးစက်ဖြစ်ပွားသူ ၂၃၉ ဦး အပါ အဝင် စုစုပေါင်း ပြည်ပကူးစက်ဖြစ်ပွားသူ ၁၉၁၃၇ ဦး  ရှိလာခဲ့သည်။   ကိုဗစ်-၁၉   ကူးစက်ခံထားရပြီး စိုးရိမ်ရသောအခြေအနေခံစားနေရသူ ၇၈၆ ဦးအထိ တိုးလာခဲ့ပြီး ယမန်နေ့ကထက် ၃၅ ဦး ကျဆင်းခဲ့သည်။   
ကိုဗစ်-၁၉ ကြောင့် ၃၄ ဦး ထပ်မံသေဆုံးခဲ့သော ကြောင့် စုစုပေါင်းသေဆုံးသူ ၆၀၇၁ ဦးအထိရှိလာခဲ့ပြီး သေဆုံးနှုန်းမှာ  ၀  ဒသမ  ၉၁  ရာခိုင်နှုန်းရှိသည်။ ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက်ကာကွယ်ဆေးထိုးမှုများစတင်ပြုလုပ်ခဲ့ချိန်မှစကာ ယခုအချိန်အထိ လူပေါင်း ၄၄၃၅၉၅၀၆ ဦး  စုစုပေါင်း နိုင်ငံ့လူဦးရေ၏ ၈၆ ဒသမ ၄ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခဲ့ပြီး ဖြစ်သည်။ 
ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီး သူပေါင်း   ၄၃၀၃၀၄၅၀  သို့မဟုတ် ၈၃ ဒသမ ၉ ရာခိုင်နှုန်းရှိပြီဖြစ်ပြီး   အပိုဆောင်းကာကွယ်ဆေး ထိုးပြီးသူ ၂၁၀၃၁၄၈၁ သို့မဟုတ် ၄၁ ဒသမ ၀ ရာခိုင် နှုန်းရှိသည်။ 
ဆင်ဟွာ