ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၅၅၃ ဦး ထပ်မံတွေ့ရှိ

ဟနွိုင်း   ဇန်နဝါရီ   ၉


ဗီယက်နမ်နိုင်ငံ၌    ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၅၅၃ ဦး ထပ်မံတွေ့ရှိကြောင်း၊ ယင်းလူဦးရေအနက် ၁၆၅၁၃ ဦး သည် ပြည်တွင်း၌ ကူးစက်ခံရသူ များဖြစ်ကြောင်းနှင့်  ၄၀ သည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ များအနက် ကူးစက်ခံရခြင်းဖြစ် ကြောင်း  ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။


လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ပေါင်း ၁၈၇၆၃၉၄ ဦးရှိကြောင်း နှင့်   ကိုဗစ်-၁၉  ရောဂါကြောင့် သေဆုံးသူပေါင်း  ၃၄၁၁၇   ဦးရှိ ကြောင်း ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးဌာနက   ပြောကြားသည်။ ထို့ပြင်   ဗီယက်နမ်နိုင်ငံ၌  လွန်ခဲ့ သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ    ပြန်လည်ကျန်းမာလာ သဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့် ရရှိသူ    ၈၉၉၀  ရှိခြင်းကြောင့် အဆိုပါရောဂါမှ ပြန်လည်ကျန်းမာ လာသူပေါင်း ၁၄၈၈၀၃၈ ဦးရှိလာ ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု     အစီအစဉ်အောက်တွင် ကာကွယ်ဆေး   အလုံးရေ  ၁၅၉ ဒသမ ၂ သန်းခန့် အသုံးပြုပြီးဖြစ် ကြောင်း၊ ယင်းကာကွယ်ဆေးများ အနက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး  ၇၀  ဒသမ  ၈ သန်းအား ဒုတိယအကြိမ်ထိုးနှံရာတွင် အသုံး ပြုခဲ့ကြောင်းနှင့် ၁၀ ဒသမ ၂ သန်း အား တတိယအကြိမ် အပိုဆောင်း ထိုးနှံရာတွင် အသုံးပြုခဲ့ကြောင်း သိရသည်။ 


ကိုးကား - ဆင်ဟွာ ဘာသာပြန် - အလင်းသစ်