မိုးညှင်းမြို့၌ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး တိုးချဲ့ဖွင့်လှစ်မည်

 

မိုးညှင်း  ဇန်နဝါရီ  ၉


ကချင်ပြည်နယ် မိုးညှင်းမြို့၌ ဒေသခံပြည်သူများအား အသက်မွေးဝမ်းကျောင်း   အထောက်အကူပြုသည့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိလာစေ ရေးအတွက်  ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးကို ၂၀၂၂  နှစ်ဆန်းပိုင်းတွင် တိုးချဲ့ဖွင့်လှစ် မည်ဖြစ်ကြောင်း သိရသည်။

 


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေ ဖြင့်    ဒေသခံပြည်သူများ၏    လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မြင့်မားလာစေရေးအတွက်  အသေးစား စက်မှုလက်မှုလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ၊ ပန်း ၁၀ မျိုး အပါအဝင် တိုင်းရင်းရိုးရာလက်မှုထည် လုပ်ငန်းများ    တိမ်ကောပပျောက်မှုမရှိစေရေးနှင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်   ရည်ရွယ်၍ ဒေသခံပြည်သူများ    အများဆုံးတောင်းဆိုလေ့ရှိ သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ  ကာလတို သင်တန်းများကို     ဖွင့်လှစ်သင်ကြားပို့ချမည် ဖြစ်သည်။

 


မိုးညှင်းမြို့နယ်သည်     စိုက်ပျိုးရေးကိုသာ အဓိကအားထားပြီး     လုပ်ကိုင်ကြသော   ဒေသ ဖြစ်သဖြင့် လူသုံးကုန်၊ စားသောက်ကုန်၊ အလှကုန် ထုတ်လုပ်မှုများ   နည်းပါးသည့်အတွက်  ပြည်ပ နိုင်ငံများမှ   တစ်ဖက်သတ်   စီးဆင်းဝင်ရောက်မှု မရှိစေရန် WHO စံနှုန်းများနှင့်အညီ စားသောက် ကုန်၊ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုသင်တန်း များ   ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊   ရုံးဖွင့်လှစ်ပြီးပါက ဒေသခံပြည်သူများ အများဆုံးတောင်းဆိုလေ့ရှိပြီး ဒေသနှင့်လည်း လိုက်လျောညီထွေမှုရှိသော အသက် မွေးဝမ်းကျောင်းအထောက်အကူပြု     ကာလတို သင်တန်းများကို အဆိုပါဦးစီးဌာနရုံးတွင် စဉ်ဆက် မပြတ်    ဖွင့်လှစ်သင်ကြား     ပို့ချပေးသွားမည် ဖြစ်ကြောင်း၊ သင်ကြားပို့ချပေးနိုင်မည့်   သင်တန်းများ မှာ စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အလှ ကုန်ထုတ်လုပ်မှု     နည်းပညာသင်တန်း၊    အခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ သံဂဟေသင်တန်း၊ အခြေခံအိမ်တွင်း လျှပ်စစ်သွယ် တန်းနည်းသင်တန်း၊ ဝါးနှင့် ကြိမ်အခြေခံလက်မှုထည် သင်တန်းနှင့် အခြားဒေသခံများ တောင်းဆိုလာသည့် သင်တန်းများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှူး ဦးအောင်မောင်းထံမှ သိရသည်။


ဇွဲသူရအောင်(ပြန်/ဆက်)