
ဒီပဲယင်း ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်၌ သဖန်း ဆိပ်ဆည်ရေဖြင့် နွေစပါး ဧက ၅၀၀၀၀နှင့် အခြား သီးနှံ ဧက ၇၅၀၀ စိုက်ပျိုးမည်ဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအေးမင်းထွန်းထံမှ သိရသည်။
သဖန်းဆိပ်ဆည်မှ ယခုနှစ်နွေစပါးစိုက်ရာသီတွင် ဒီပဲယင်းမြို့နယ် အနေဖြင့် YMC ရေဦးမြောင်းမတော် မှ ဧက ၂၂၅၀၀၊ MBC မရကန်မြောင်းမတော်မှ ဧက ၂၂၅၀၀၊ RMCလက်ယာမြောင်းမကြီးမှ ဧက ၅၀၀၀ စုစုပေါင်းနွေစပါး ဧက ၅၀၀၀၀ စိုက်ပျိုးရန်လျာထား ပြီး အခြားသီးနှံကို YMC ရေဦးမြောင်းမတော်မှ ဧက ၄၅၀၀၊ MBC မရကန်မြောင်းမတော်မှ ဧက ၃၀၀၀ စုစုပေါင်း ဧက ၇၅၀၀ အကောင်အထည်ဖော် စိုက်ပျိုးမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေကို သဖန်းဆိပ်ဆည်မှ ၂၀၂၂ခုနှစ် ဖေဖော်ဝါ ၇ ရက်တွင် စတင်ပေးဝေမည်ဖြစ်သည်။
နွေစပါးနှင့်အခြားသီးနှံများ အချိန်မီစိုက်ပျိုးနိုင် ရေးအတွက် မြေဆီလွှာအာဟာရ ဖြည့်တင်းရေး ဆိုင်ရာ လုပ်ငန်းများ၊ မျိုးကောင်း မျိုးသန့် ကြိုတင် စုဆောင်းရေးများ၊ ပိုးမွှားရောဂါကြိုတင် ကာကွယ် ရေးဆိုင်ရာလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ စိုက်ပျိုးနည်းပညာများ အကူအညီရယူ နိုင်ကြောင်း သိရသည်။
သိန်းထွန်း(ဒီပဲယင်း)