ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဦးဆောင်၍ စစ်တွေပွိုင့်သန့်ရှင်းသာယာလှပစေရေး စုပေါင်းဆောင်ရွက်

 

စစ်တွေ   ဇန်နဝါရီ    ၉


ရခိုင်ပြည်နယ်        အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်  ရခိုင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဦးစီးဌာနမှ    ဦးဆောင်ကာ ပြည်နယ်  အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ   ပူးပေါင်းပါဝင် ပြီး စုပေါင်းအမှိုက်ကောက်ပွဲကို ယနေ့နံနက်ပိုင်းက  စစ်တွေမြို့ ပွိုင့်ကမ်းခြေ၌ ကျင်းပသည်။

 


စုပေါင်းအမှိုက်ကောက်ပွဲ


စုပေါင်း     အမှိုက်ကောက်ပွဲ အခမ်းအနားတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ  အောင် ကျော်မင်းက မိမိတို့ပတ်ဝန်းကျင် ကို    ကာကွယ်နိုင်ရေးအတွက် လူထုလှုပ်ရှားမှု  စုပေါင်းအမှိုက်ကောက်ပွဲဆောင်ရွက်ရင်း နောင် မျိုးဆက်များအတွက်   စဉ်ဆက် မပြတ်   ဖွံ့ဖြိုးတိုးတက်စေရန် ကောင်းမွန်သန့်ရှင်းပြီး    ရောဂါ ဘယကင်းဝေးသည့် အနာဂတ်ကို ချန်ထားခဲ့နိုင်ရန်       ယခုကဲ့သို့ လှုံ့ဆော်    ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာ အနှံအပြား၌ ရာသီဥတုပြောင်းလဲ မှု၏  ဆိုးကျိုးသက်ရောက်မှုနှင့် အတူ   သဘာဝသယံဇာတများ လျော့နည်း      ဆုံးရှုံးလာခြင်း၊ သစ်တောများ    ပြုန်းတီးခြင်း၊ ဂေဟစနစ်များ     ပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ  လျော့နည်း လာခြင်း၊   ရေအရင်းအမြစ်များ ရှားပါးလာခြင်း၊ လေထုနှင့်ရေထုညစ်ညမ်းမှုများဖြစ်ပေါ်လာခြင်းစသည့်         ပတ်ဝန်းကျင်ယိုယွင်း ပျက်စီးမှုပြဿနာများကို ရင်ဆိုင် ကြုံတွေ့နေရပါကြောင်း၊ ထိုကဲ့သို့ ပတ်ဝန်းကျင်ဆိုင်ရာ  ပြဿနာ များမှာ     ပလတ်စတစ်စွန့်ပစ် ပစ္စည်းများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကလည်း တစ်ခုအပါ အဝင်ဖြစ်လာပြီး မိမိတို့၏ကမ္ဘာ ပေါ်တွင်       အလေးထားဖြေရှင်း ဆောင်ရွက်သွားရမည့်   ကိစ္စရပ် တစ်ခုဖြစ်လာပါကြောင်း၊   ရခိုင် ပြည်နယ်သည် ကမ်းရိုးတန်းဒေသ တစ်ခုဖြစ်ပြီး ကမ်းရိုးတန်း သယံ ဇာတများဖြစ်သည့်    ဒီရေတော များ၊ ကမ်းနီးကမ်းဝေး   သန္တာ ကျောက်တန်းများ၊ ရေနေသတ္တဝါ များ လွန်စွာပေါများသည့် ဒေသ တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ လူထု စုပေါင်း   အမှိုက်ကောက်ပွဲသည် ပင်လယ်သမုဒ္ဒရာများကို ညစ်ညမ်း စေသော၊    အဏ္ဏဝါသက်ရှိများ ပျက်စီးစေသော၊  သန္တာကျောက် တန်းများကိုပျက်စီးစေပြီး လူသား တို့၏ ကျန်းမာရေးကို ခြိမ်းခြောက် နေသော တစ်ခါသုံးပလတ်စတစ် ပစ္စည်းများ  ထုတ်လုပ်သုံးစွဲမှုကို လျှော့ချခြင်းဖြစ်ပြီး    ရေရှည် စဉ်ဆက်မပြတ်သော     အခြား နည်းလမ်း(သို့မဟုတ်) ပစ္စည်းများ ရှာဖွေဖော်ထုတ်ခြင်းတို့ကို   အတူ တကွ   ပူးပေါင်းဆောင်ရွက်ကြ ရန် အစိုးရ၊       စက်မှုလုပ်ငန်းများ၊ ပြည်သူအစုအဖွဲ့များနှင့် တစ်ဦး ချင်းစီကို တိုက်တွန်းလိုကြောင်း ပြောကြားသည်။ 

 


ပိုစတာစိုက်ထူ


ဆက်လက်၍       ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီး များသည် “စိမ်းလန်းသန့်ရှင်းသော အနာဂတ်ဆီသို့” အသိပညာပေး မြေစိုက်ပိုစတာကို   စိုက်ထူပေး ကြသည်။ ထို့နောက်   ပြည်နယ် ဝန်ကြီးချုပ်၊      ပြည်နယ်တရား လွှတ်တော်   တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊   ပြည်နယ် ဥပဒေချုပ်၊  ဌာနဆိုင်ရာများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင်သည့်       စုပေါင်းအဖွဲ့သည် လူထုလှုပ်ရှားမှု   တစ်ရပ်အဖြစ် ပွိုင့်ကမ်းခြေမှ   စစ်တွေဟိုတယ် ကမ်းခြေအထိ      စုပေါင်းအမှိုက် ကောက်ကြကြောင်း   သိရသည်။ 

 


တင်ထွန်း(ပြန်/ဆက်)