မြန်မာနိုင်ငံမှ ပြည်ပသို့ နှစ်စဉ်ပျားရည်တန်ချိန် ၄၀၀၀ ခန့်တင်ပို့လျက်ရှိ

 

ရန်ကုန်  ဇန်နဝါရီ    ၉     


တစ်ပိုင်တစ်နိုင်  ပျားမွေးမြူခြင်းမှ   ကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေရရှိလျက်ရှိပြီး  စိုက်ပျိုး ရေး၊    မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဌာနအောက်ရှိ ပျားမွေးမြူ ရေးဌာနနှင့်   တောင်ပေါ်၊   မြေပြန့်ပျားမွေးမြူသူ တောင်သူတို့ နှစ်စဉ်ပျားရည်ထုတ်လုပ်မှုမှ ပြည်ပ နိုင်ငံများသို့ ပျားရည်တန်ချိန် ၄၀၀၀ ခန့်တင် ပို့လျက် ရှိကြောင်း သိရသည်။

 


ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သဘာဝသစ်တောသယံ ဇာတပေါကြွယ်ဝ၍    ကျန်းမာသော   ပျားများစွာ ကျက်စားမှုဖြင့်   အော်ဂဲနစ်ပျားရည်  ထုတ်လုပ်‌ ရောင်းချနိုင်သော အလားအလာကောင်းများရှိရာ မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းစားသုံးရန် နှစ်စဉ် ပျားရည်တန်ချိန် ၂၀၀၀ ခန့်  ထုတ်လုပ်လျက်ရှိပြီး ပြည်ပသို့တန်ချိန် ၄၀၀၀ ခန့်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ရရှိလျက်ရှိသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုးခုရှိ မြို့နယ်ပေါင်း ၃၁ မြို့နယ်မှ ဌာနနှင့် ပုဂ္ဂလိကမွေးမြူ သူတို့ နှစ်စဉ်ပျားရည်ထုတ်လုပ်လျက်ရှိရာ ဌာနအနေ ဖြင့် စိုက်ပျိုးသီးနှံဧက ၁၅ သိန်းအား ဝတ်မှုန်ကူး ပြောင်းလဲပေးနိုင်ရေး    ကြီးကြပ်ဆောင်ရွက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို   လုပ်ဆောင်လျက်ရှိ သည်။

 


“မြန်မာနိုင်ငံကထွက်တဲ့    ပျားရည်ကို နှစ်စဉ် ဝယ်ယူမှာကြားတဲ့ နိုင်ငံတွေရှိပါတယ်။ ပြည်တွင်းမှာ လုပ်ငန်းတိုးချဲ့ပြီး လုပ်ဆောင်နိုင်ဖို့တော့ လိုပါတယ်။ များများတိုးချဲ့မွေးပြီး    များများပြည်ပပို့နိုင်လေ နိုင်ငံအတွက်   နိုင်ငံခြားဝင်ငွေပိုမိုရရှိမှာ   ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးက  ပျားရည်အများဆုံးထွက် ပါတယ်။ မွန်ပြည်နယ်မှာ ရော်ဘာထွက်ရှိတဲ့အတွက် ပျားရည်ထုတ်နေပါပြီ။ ပုဂ္ဂလိကထုတ်လုပ်မှုက ပိုများ တဲ့အတွက်   ခေတ်မီပျားမွေးမြူရေးပညာကို     ပိုမို လေ့လာခြင်းဟာ  ပျားမွေးတောင်သူတွေရဲ့ကျေးလက် လူမှုစီးပွားဖွံ့ဖြိုးမှုကို    အထောက်အကူဖြစ်စေပါ တယ်”ဟု    ရန်ကုန်တိုင်းဒေသကြီး    မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန    ပျားမွေးမြူမှု   ဖွံ့ဖြိုး‌ရေးဌာနခွဲ တာဝန်ခံ ဦးကျော်ကျော်ဦးက ပြောသည်။

 


မြန်မာနိုင်ငံတွင် ၁၉၇၉ခုနှစ်မှစ၍ ပျားမွေးမြူရေး လုပ်ငန်းကို     စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ပြည်ပသို့ ပျားရည်စတင် ပို့ဆောင်ခဲ့သည်။ ဂျပန်၊ တရုတ်၊ကိုရီးယား၊ စင်ကာပူ၊ ထိုင်းနိုင်ငံသို့  အများ ဆုံးတင်ပို့လျက်ရှိပြီး နေကြာပျားရည်၊  ဆီးပျားရည် နှင့်        ပန်းနှမ်းပျားရည်ကို            အထူးကြိုက်နှစ်သက် လျက်ရှိကာ ပြည်ပဝယ်လက်အများဆုံး၌ နေကြာ ပျားရည်မှာ   ရောင်းအားအကောင်းဆုံးဖြစ်သည်။ ကမ္ဘာတွင်ပျားရည်အများဆုံးထုတ်လုပ်သော နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး အာဆီယံနိုင်ငံတို့တွင် ဗီယက်နမ်၊ မြန်မာနှင့်ထိုင်းနိုင်ငံတို့မှ      ပျားရည်အများဆုံး ထုတ်လုပ်လျက်  စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော မြန်မာနိုင်ငံအနေဖြင့်  ပျားရည်ပိုမိုထုတ်လုပ်နိုင်ရန် ကြိးပမ်းဆောင်ရွက်လျက်ရှိသည်။

 


 ပျားမွေးမြူရေးလုပ်ငန်းကို မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတို့နှင့် တွဲဖက်လုပ်ကိုင်လျက် ရှိပြီး အညာဒေသတွင်ပျော်ဘွယ်နှင့် တောင်ပေါ်ဒေသ ၌ မဲဇာတို့တွင် စီးပွားဖြစ်မွေးမြူထုတ်လုပ်လျက်ရှိသည်။  ပန်းပွင့်မှရရှိသည့်   ရှုပ်ထွေးသောသကြား (Complex Sugar) အား ပျား၏  အင်ဇိုင်း (Enzyme)အကူအညီဖြင့် ရိုးရှင်းသောသကြား(Simple Sugar)အဖြစ်ပြောင်းလဲ၍     ပျားသလက်များထဲတွင် သိုလှောင်ထားရှိသည့်   အချိုရည်ကို  ပျားရည်ဟု ခေါ်ဆိုခြင်းဖြစ်ပြီး စုပ်ယူရရှိသော   ပန်းပွင့်အမျိုး အစား‌ပေါ်မူတည်၍ ပျားရည်၏အနံ့နှင့်အရောင်မှာ အမျိုးမျိုးကွဲ ပြားလျက်ရှိသည်။ တောင်ပေါ်နှင့်မြေပြန့် ဒေသတို့မှထွက်ရှိသော  မြန်မာ့ပျားရည်ကို  တရုတ် နိုင်ငံမှအများဆုံးဝယ် ယူလျက်ရှိကာ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ နှစ်စဉ်ပျားရည်တန်ချိန် ၄၀၀၀ ခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။


ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ-ကနူး