သံတောင်ကြီးမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်နည်း ဆပ်ပြာချက်သင်တန်းဖွင့်လှစ်

 

သံတောင်ကြီး ဇန်နဝါရီ ၈


ကရင်ပြည်နယ်  သံတောင်ကြီးမြို့နယ်  ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်  ရည်ရွယ်၍   အသက်မွေး ဝမ်းကျောင်း  အထောက်အကူပြု   လူသုံးကုန် ထုတ်လုပ်နည်း      ဆပ်ပြာချက်သင်တန်းကို အလယ်ချောင်းအထက်ကျေးရွာ ခန်းမဆောင်၌ ယနေ့ ဖွင့်လှစ်သည်။ 

 


သင်တန်းဖွင့်ပွဲတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးချမ်း ငြိမ်းဝင်းက ကျေးလက်နေပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းရရှိစေရန်   ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့်   သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များကို ကြိုးစားလေ့လာ သင်ယူကြစေလိုကြောင်း    အမှာစကားပြော ကြားပြီး သင်တန်းနည်းပြ နော်မေဖလားဝါးက သင်တန်းတွင်ပို့ချမည့်    ဘာသာရပ်များကို ရှင်းလင်းပြောကြားကာ သင်တန်းသူ သင်တန်း သားများက တစ်ဦးချင်းမိတ်ဆက်ကြသည်။

 


သင်တန်းသို့  သံတောင်ကြီးမြို့နယ်အတွင်း ရှိ  အလယ်ချောင်းအထက်၊   အလယ်ချောင်း အောက်၊ ကော်ပတ်ခြံ၊ လဘက်အင်းဟောင်း၊ သစ်ခေါင်း၊  သာမိုးတောင်အောက်၊  သာမိုး တောင် အထက်၊ မြသာကုန်း၊ မိုင်းလွန်းအလယ်၊ မိုင်းလွန်အောက် ကျေးရွာများမှ သင်တန်းသူ ၂၀ တက်ရောက်ပြီး သင်တန်းကာလ ၁၀ ရက် ကြာ  သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရ သည်။                                          

 

ကျော်ဦး