
နေပြည်တော် ဇန်နဝါရီ ၈
ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက် မည့် (၇၄)နှစ်မြောက် ကချင် ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ နိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာပြည်) တို့ ပူးပေါင်း ကျင်းပသည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲနှင့် မျိုးဆက်သစ်ပြိုင်ပွဲ များကို ယနေ့တွင် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီး ဌာန ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲများသို့ ကချင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်များ တက်ရောက်ကြ ပြီး ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေး ကြသည်။
ပြိုင်ပွဲတွင် ၅ ချီစိန်ခေါ်ပွဲ နှစ်ပွဲ၊ ၃ ချီစိန်ခေါ်ပွဲ ရှစ်ပွဲ၊ ရိုးရာ အောင်လံပွဲအထူး(လူကြီး) တစ်ပွဲ နှင့် ရိုးရာအောင်လံပွဲအထူး(လူငယ်) တစ်ပွဲ စုစုပေါင်း ပွဲစဉ် ၁၂ ပွဲ ယှဉ်ပြိုင်ထိုးသတ်ကြပြီး အနိုင်ရရှိ သူများကို ဝန်ကြီးချုပ်(အောက်ပုံ)၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူ များက ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်