တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်    ဇန်နဝါရီ   ၈


တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊   နေ့ဆွမ်းများ  ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်  ဒညင်းကုန်းရပ်ကွက်ရှိ   မဟာမူလကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ မဟာစန္ဒာရုံကျောင်းတိုက်၊ ရခိုင်ပြည်နယ် အမ်းမြို့ရှိ ဘန်းတောင် ဘုန်းတော်ကြီးကျောင်းတိုက်၊ စစ်တွေမြို့ရှိ မောင်နီပြင်ဘုန်းတော်ကြီးကျောင်းတိုက်၊ တောင်ကုတ် မြို့ရှိ မဟာသန္တိသုခတပ်ဦးကျောင်းတိုက်၊ ဘူးသီးတောင်မြို့ရှိ ရတနာ အောင်သိဒ္ဓိကျောင်းတိုက်၊ ပြင်ရှည်ကျေးရွာ ဘုန်းတော်ကြီးကျောင်း တိုက်၊ မြောက်ဦးမြို့ရှိ   မြို့မပရိယတ္တိစာသင်တိုက်နှင့်   နတ်တောင် ဘုန်းတော်ကြီးကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ သာစည် ရပ်ကွက်ရှိ သာသနဓမ္မသုခကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် နဂါးပရိယတ္တိစာသင်တိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့်    သာသနာ့နွယ်ဝင်   သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်း များနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီး မှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။

 


ထို့အပြင်   စစ်ကိုင်းတိုင်းဒေသကြီး   ခန္တီးမြို့ သာစည်ရပ်ကွက်  သာသနဓမ္မသုခကျောင်းတိုက်ရှိ သံဃာတော်များအား အနောက်မြောက် တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။


သတင်းစဉ်