ပုသိမ်ကြီးမြို့နယ်၌ အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်လှစ်

 

ပုသိမ်ကြီး   ဇန်နဝါရီ   ၈


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်အတွင်းရှိ   ကျေးလက်နေ အမျိုးသမီးငယ်များ အလုပ်အကိုင် အခွင့်အလမ်းနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ လုပ်ကိုင်ရာ တွင်   အထောက်အကူပြုစေရေး၊ လူနေမှုဘဝမြှင့်တင်ရေး  ရည်ရွယ် ၍    အသက်မွေးဝမ်းကျောင်း အထောက်အကူပြု      အခြေခံ အပ်ချုပ်စက်သင်တန်းကို ပုသိမ်ကြီး မြို့နယ်       ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေး  ဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ် သည်။

 


ရှေးဦးစွာ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန    ခရိုင်ဦးစီးမှူး  ဦးဝင်းမြင့်က       အမှာစကား ပြောကြားသည်။
ဆက်လက်၍    ပုသိမ်ကြီး မြို့နယ်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး      ဦးစန်းယုလှိုင်က သင်တန်း    ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့်  သင်တန်းတွင် ပို့ချမည့်        ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျောက် ဆည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီး မှူးနှင့်  သက်ဆိုင်ရာတာဝန်ရှိသူ များက သင်ထောက်ကူပစ္စည်းများ အား    သင်တန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

 


သင်တန်းတွင်    ပုသိမ်ကြီး မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ ၁၀ ဦးတက်ရောက် မည်ဖြစ်ပြီး   အခြေခံလက်ချုပ်၊ စက်ချုပ်၊ ပုဆိုး/လုံချည်ချုပ်လုပ် ခြင်းဘာသာရပ်၊  ခေါင်းအုံးစွပ်၊ ကလေးဘောင်းဘီ၊  ကလေးအင်္ကျီ၊ အမျိုးသမီးဝတ်အင်္ကျီ     ရင်ဖုံး စသည့်       အခြေခံစက်ချုပ် ဘာသာရပ်များအား   ကျွမ်းကျင် ဆရာမများက စာတွေ့လက်တွေ့ တစ်လကြာသင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။


 ငြိမ်းသူ