ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်း၌ အပျော်တမ်းစက်ဘီးစီးပွဲတော်ကျင်းပသွားမည်

 

ပဲခူး   ဇန်နဝါရီ    ၈


ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်    နယ်မြေ ဖြစ်သည့် သရေခေတ္တရာပျူမြို့ဟောင်း  အပျော်တမ်း   စက်ဘီးစီးပွဲတော်ကျင်းပခြင်းဖြစ်၍ ပြိုင်ပွဲအတွက် လိုအပ်သည့်   ကြိုတင်ပြင်ဆင်မှုများ   ဆောင်ရွက် ထားကြရမည်ဖြစ်ကြောင်း၊  ခရီးသွားလုပ်ငန်း  ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်၍  အဆိုပါ  အပျော်တမ်းစက်ဘီးစီးပွဲတော်ကို  ကျင်းပရန် စီစဉ်ရခြင်းဖြစ်ကြောင်း   ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်    ဦးမျိုးဆွေဝင်းက ပြောကြားသည်။

 


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး           တော်ဝင် ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီ  ၇ ရက်  နံနက် ပိုင်းက သရေခေတ္တရာပျူမြို့ဟောင်း       အပျော်တမ်း စက်ဘီးစီးပွဲတော်ကျင်းပနိုင်ရေး   လုပ်ငန်းညှိနှိုင်း  အစည်းအဝေးတွင်  ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 


ဆက်လက်၍ တိုင်းဒေသကြီး  ဝန်ကြီးချုပ်က အဆိုပါပြိုင်ပွဲသည် ခရီးမိုင် ၁၀ မိုင်ခန့် စက်ဘီးစီးရ မည်ဖြစ်၍    ခရီးစဉ်တစ်လျှောက် သတ်မှတ်နေရာများ  စနစ်တကျထားရှိသွားရန်လိုကြောင်း၊   ဖွဲ့စည်းပေး ထားသည့်    ကော်မတီများအလိုက်  ဆောင်ရွက်မည့် အစီအမံများကို  တင်ပြပေးစေလိုကြောင်း ပြောကြား သည်။

 


ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူးက    သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲ  ကျင်းပ ပြုလုပ်ရန်  စီစဉ်ထားရှိမှု  အခြေအနေများ ရှင်းလင်း တင်ပြမှုအပေါ်  တိုင်းဒေသကြီး    ဝန်ကြီးများက ဖြည့်စွက်အကြံပြုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 


သရေခေတ္တရာပျူမြို့ဟောင်း    အပျော်တမ်း စက်ဘီးစီးပြိုင်ပွဲကို  ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပရန်စီစဉ်ထားပြီး    ပဲခူး၊ တောင်ငူ၊  ပြည်နှင့်  သာယာဝတီ ခရိုင်များရှိ        အပျော်တမ်းစက်ဘီးစီး သမားများ     ပါဝင်ယှဉ်ပြိုင်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်