
ဇလွန် ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန် ရှိ သူများသည် ပဆင-ဓနုဘေး-သက္ကယ်ကျွန်းလမ်း ကတ္တရာ လမ်းခင်းခြင်းဖွင့်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ပဆင-ဓနုဘေး - သက္ကယ်ကျွန်းလမ်း တွင် တက်ရောက် ဖွင့်လှစ်ခဲ့ သည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီး ဌာန ညွှန်ကြားရေးမှူး (မြို့ပြ)က ကတ္တရာလမ်း ဆောင်ရွက်ခဲ့မှုအား ရှင်းလင်းတင်ပြကာ ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ သည်။ ယင်းနောက် ပဆင-ဓနုဘေး - သက္ကယ်ကျွန်းလမ်း ကတ္တရာလမ်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်း ဒေသကြီး လမ်းပန်းဆက်သွယ် ရေး ဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပဆင - ဓနု ဘေး - သက္ကယ်ကျွန်းလမ်းအား လှည့်လည် ကြည့်ရှုစစ်ဆေး သည်။
အဆိုပါ လမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသ ကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် (၁/၀ ဒသမ ၁၅) မိုင်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် (၁/၀) မိုင် ကတ္တရာခင်းခြင်း လုပ်ငန်း အား ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဇလွန်(ပြန်/ဆက်)