မြနန်းစံကျော်ရွှေနန်းတော်ကြီးအား အများပြည်သူများ လာရောက်လေ့လာနိုင်

 

မန္တလေး  ဇန်နဝါရီ  ၇


မန္တလေးမြို့ မြနန်းစံကျော်ရွှေနန်းတော်ကြီးအား   အများပြည်သူများ   လာရောက်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ     ထိန်းချုပ် ရန်အတွက်       ၂၀၂၀ ပြည့်နှစ် မတ်လကုန်ပိုင်းမှ        စတင်ကာ  အများပြည်သူ       ဝင်ရောက် လည်ပတ်ခွင့်ကို  ပိတ်ထားခဲ့ရာမှ  ယခုအခါ  ကိုဗစ်-၁၉   စည်းကမ်း ချက်များနှင့်အညီ        ပြန်လည် ဖွင့်လှစ်ခြင်း       ဖြစ်ကြောင်းနှင့်      အများပြည်သူများ    လာရောက် လေ့လာနိုင်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန       မန္တလေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

 


“တစ်နှစ်ကျော်ကြာ ပိတ်ထား တဲ့  ရွှေနန်းတော်ကြီးကို    ပြန်လည် ဖွင့်လှစ်နေပြီဆိုတာ     လာရောက် လေ့လာမယ့်    မိဘပြည်သူတွေ ကို   သတင်းကောင်းပါးလိုပါတယ်။  ဝင်ကြေးအနေနဲ့  လူကြီး ငွေကျပ် ၂၀၀၊     ကလေးငွေကျပ် ၁၀၀ ကောက်ခံပြီး    နံနက် ၇ နာရီခွဲ ကနေ      ညနေ ၅ နာရီအထိ  လာရောက်  လည်ပတ်နိုင်ပါတယ်။     မြနန်းစံကျော်ရွှေနန်းတော်  အပါအဝင်    ကျောက်စာရုံ၊   အမြောက်ပြတိုက်၊     မင်းတုန်းမင်း ဂူဗိမာန်၊   ပုံစံငယ်ပြတိုက်၊   ဒင်္ဂါး သွန်းစက်ရုံများကို   လာရောက် လေ့လာနိုင်ပါတယ်”ဟု   ၎င်းက  ပြောသည်။

 


မြနန်းစံကျော်   ရွှေနန်းတော် ကြီးကို    ညီလာခံသဘင်၊      ခန်းမ ဆောင်ကြီးများ၊    မှန်နန်းဆောင်၊ နန်းမြင့်မျှော်စင်       အပါအဝင်        အဆောင်ခန်းမ  အဆောက်အအုံ ပေါင်း   ၈၉ ခုကို      ပြန်လည် တည်ဆောက်ထားကြောင်း  သိရ သည်။

 


မြနန်းစံကျော်  ရွှေနန်းတော်  ပရိဝုဏ်အတွင်း၌    အမြောက် ပြတိုက်ကို ရှေးဟောင်းအမွေအနှစ် သမိုင်းဝင်       အမြောက်များအား   တစ်နေရာတည်းတွင်    တစ်စု တစ်စည်းတည်း        အများပြည်သူ များ  လေ့လာနိုင်စေရန်     ရည်ရွယ် ၍  တပ်မတော်    ကာကွယ်ရေးဦးစီး ချုပ်၏  လမ်းညွှန်ချက်အရ  ၂၀၂၀ ပြည့်နှစ်    ဩဂုတ် ၂၈ ရက်တွင်   ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။      အဆိုပါ ပြတိုက်အတွင်း       ရှေးဟောင်း အမြောက်အလက်     ၃၀   နှင့်  ဆက်စပ်ပစ္စည်းများကို စနစ်တကျ   ခင်းကျင်းပြသထားရှိပြီး တပ်မတော်  မှ   ငွေကျပ်သိန်းပေါင်း ၃၅၀၀ ကျော်   အကုန်ကျခံဆောက်လုပ် ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး    ဖွင့်ပွဲနေ့ တွင်     ရှေးဟောင်းသုတေသနနှင့်   အမျိုးသားပြတိုက်   ဦးစီးဌာနသို့  လွှဲပြောင်းပေးအပ်ခဲ့သည်။ မြနန်း စံကျော်     ရွှေနန်းတော်ကြီးသို့ လာရောက်    လည်ပတ်လိုပါက မန္တလေး၊ အောင်မြေသာစံမြို့နယ် ရှိ နန်းမြို့တွင်းသို့ နန်းရှေ့  ၆၆ လမ်း၊ ၁၉ လမ်း၊   ဦးထိပ်တံတားပေါက်မှ        ဝင်ရောက်   လေ့လာနိုင်ကြောင်း သိရသည်။        

မောင်အေးချမ်း