ပုဂံ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း တရားဝင်စတင်ဆောင်ရွက်မည်

 

 

​နေပြည်​တော်  ဇန်နဝါရီ   ၇


တရုတ်နိုင်ငံမှ   အကူအညီပေးအပ်သည့် ပုဂံသဗ္ဗညု ဘုရား   ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း   တရားဝင် စတင်ဆောင်ရွက်မည်ဖြစ်​ကြောင်း    မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီ ၄ ရက်နေ့ ရက်စွဲဖြင့်   သတင်းထုတ်ပြန်ထားသည်။

 


ဒီဇင်ဘာ ၈   ရက်တွင်  တရုတ်နိုင်ငံ   စန်ရှီး ပြည်နယ်မှ စေလွှတ်သည့်  ပညာရှင်   လေးဦးပါဝင် သော လုပ်ငန်းအဖွဲ့သည် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး quarantine ခံယူပြီးနောက် ပုဂံသို့ သွားရောက်ကာ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ     ကနဦးပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး  ဒီဇင်ဘာ ၁၇ ရက်မှစ၍ လုပ်ငန်းအဖွဲ့သည် မြန်မာနိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေ သနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ်နှင့်တကွ ပုဂံဌာနခွဲမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်​ကြောင်း သိရသည်။

 


 ယခုအကြိမ် မြန်မာနိုင်ငံသို့လာရောက်သည့် လုပ်ငန်းတာဝန်များနှင့် မြန်မာနိုင်ငံမှ ပါဝင်ဖြေရှင်း ပေးရမည့် လုပ်ငန်းဆောင်ရွက်ရန်နေရာ၊  ကုန်ကြမ်း ပစ္စည်းများ ထားရှိမည့်နေရာ၊ နေထိုင်မှုနေရာ စသည့် မြေယာအသုံးပြုမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။    စီမံ ကိန်းအဖွဲ့သည်    သဗ္ဗညုဘုရားစီမံကိန်းနေရာသို့ လာရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ပြီးစီးခဲ့သည့် အရေးပေါ်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်း အသေးစိတ်စစ်ဆေးခဲ့သည်။ ဇန်နဝါရီ ၈ ရက် တွင် ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း တရားဝင် စတင် ဆောင်ရွက်ခြင်းအခမ်းအနား ကျင်းပမည်ဖြစ်သည်။

 


၂၀၁၆ ခုနှစ် သြဂုတ်လက မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွင် ၆ ဒသမ ၈ အဆင့်   မြေငလျင်လှုပ်ခတ်ခဲ့ရာ သဗ္ဗညုဘုရား(ယာပုံ)အပါအဝင်    စေတီပုထိုးများ ရာနှင့်ချီ ထိခိုက်မှုရှိခဲ့သည်။ မြန်မာနိုင်ငံ၏ သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များ      တည်တံ့ခိုင်မြဲစေရန် အတွက် မြန်မာနိုင်ငံ၏ဖိတ်ကြားချက်အရ တရုတ် နိုင်ငံ  စန်ရှီးပြည်နယ်         ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးသုတေသနဌာနစသည့် အဖွဲ့အစည်းများမှ ပညာရှင်များသည်  ပုဂံသို့  အကြိမ် များစွာ လာရောက်လေ့လာခဲ့ပြီး    စေတီပုထိုးများ    ပြုပြင်ထိန်းသိမ်းရေးအတွက် ကနဦးအစီအစဉ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

 


၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်သည် ပုဂံ၌ သဗ္ဗညုဘုရား ပြုပြင် ထိန်းသိမ်းရေးစာလွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၉ ခုနှစ် ဧပြီလတွင် စန်ရှီးပညာရှင်အဖွဲ့ မြန်မာ နိုင်ငံသို့ ရောက်ရှိခဲ့ပြီး    သဗ္ဗညုဘုရား  အရေးပေါ် ပြုပြင်ထိန်းသိမ်းမှုများ စတင်ဆောင်ရွက်ခဲ့သည်။ 


သီရိ