မန်းရေနံမြေဒေသခံများအတွက် ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ပြန်လည်စတင်

 

 

မင်းဘူး  ဇန်နဝါရီ   ၇


မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက် ရှိသည့် MPRL E&P သည် မန်းရေနံမြေ ဒေသခံလူငယ်များ    အသက်မွေးဝမ်း ကျောင်းအတတ်ပညာများကို သင်ယူခွင့် ရရှိနိုင်ရန်   ဒေသတွင်းပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့်   ပူးပေါင်းဆောင် ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊   တားဆီး၊ ထိန်းချုပ်ရေးစီမံချက်များကို   ပူးပေါင်း လိုက်နာသည့်အနေဖြင့် အဆိုပါအစီအစဉ် များကို ယာယီရပ်နားခဲ့ရာ ၂၀၂၁ ခုနှစ်  နိုဝင်ဘာလတွင်   သက်ဆိုင်ရာ   အဖွဲ့ အစည်းများ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်း ပြန်လည်စတင်ခဲ့သည်။ 

 


MPRL E&P ၏ ပညာသင်ဆု   အစီ အစဉ်ဖြင့် ၂၀၂၁-၂၀၂၂  ပညာသင်နှစ် အတွက် အမှတ်(၅)   စက်မှုသင်တန်း ကျောင်း (မကွေး)တွင် တစ်နှစ်သင်တန်း တက်ရောက်ခွင့်ရရှိရန်   မန်းရေနံမြေ ဒေသခံလူငယ်များကို     ဖိတ်ခေါ်ခဲ့ပြီး အဆိုပါကျောင်းမှ စစ်ဆေးသည့် ဝင်ခွင့် စာမေးပွဲသို့  ဒေသခံလူငယ်    ၃၁  ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။  

 


စက်မှုသင်တန်းကျောင်း


စက်မှုဝန်ကြီးဌာန   စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန သင်တန်းကျောင်း များကြီးကြပ်ရေးဌာန    လက်အောက်ရှိ အမှတ်(၅)   စက်မှုသင်တန်းကျောင်း (မကွေး) တွင် “စက်မှုကျွမ်းကျင် တစ်နှစ် သင်တန်း” အမှတ်စဉ်(၁၀)သို့ မန်းရေနံမြေထိစပ်ကျေးရွာများဖြစ်သည့် မန်းကျိုး၊ ပေါက်ကုန်း၊ ကျွဲချနှင့်  လေးအိမ်တန်း ကျေးရွာများမှ   ဒေသခံလူငယ်ခုနစ်ဦး တက်ရောက်ခွင့်ရရှိခဲ့သည်။   အဆိုပါ လူငယ်ခုနစ်ဦးအနက် အမျိုးသား ငါးဦး သည် မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်း မှုသင်တန်း (Automobile Maintenance Course) ကို     တက်ရောက်လျက်ရှိပြီး အမျိုးသမီးနှစ်ဦးသည်   ကွန်ပျူတာသုံး ဒီဇိုင်းရေးဆွဲ/     ထုတ်လုပ်မှုသင်တန်း (CAD/ CAM Course) ကို တက်ရောက် လျက်ရှိသည်။     သင်တန်းသားခုနစ်ဦး သင်တန်း   တက်ရောက်နိုင်ရေးအတွက် ကျောင်းဝင်ကြေး၊ ယာဉ်မောင်း လိုင်စင် ကြေး၊ စားစရိတ်၊    ဘွဲ့ဝတ်စုံစရိတ်နှင့် တစ်ဦးလျှင်   လစဉ်အပိုအသုံးစရိတ် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့်  သင်တန်းသား ခုနစ်ဦးအတွက်  တစ်နှစ်တာ    ခန့်မှန်း ကုန်ကျစရိတ် စုစုပေါင်းငွေကျပ် ၄၀၅၀၀၀၀ ကို MPRL E&P  CSR အစီအစဉ်ဖြင့် ပံ့ပိုး ခဲ့သည်။

 


ဆေးဝါးကျွမ်းကျင်သင်တန်း


ဧရာဝတီသင်တန်းကျောင်း (မင်းဘူး) က ဖွင့်လှစ်ပို့ချလျက်ရှိသည့်   “ဆေးဝါး ကျွမ်းကျင်နှင့် ကျန်းမာရေးစောင့်ရှောက် မှုဆိုင်ရာ  နှစ်လတာသင်တန်း” အတွက်  MPRL E&P CSR အစီအစဉ်ဖြင့်  ပညာ သင်ဆု ချီးမြှင့်နိုင်ရေးအတွက် မန်းရေနံ မြေ   ဒေသခံလူငယ်များကို    ဖိတ်ခေါ် ခဲ့ပြီး အဆိုပါသင်တန်းကျောင်းနှင့်    CSR လုပ်ငန်းအဖွဲ့ဝင်များက    ပညာသင်ဆု ရွေးချယ်ရေးဆိုင်ရာ သတ်မှတ်ချက်များ နှင့်အညီ စိစစ်ရွေးချယ်ခဲ့ရာ  လျှောက် ထားသူ  ဒေသခံလူငယ်  ၂၄   ဦးအနက် ငါးဦး ရွေးချယ်ခံရသည်။ 

 


အဆိုပါ   နှစ်လတာသင်တန်းတွင် မင်းဘူးမြို့၌ စာတွေ့သင်တန်း တစ်လ တက်ရောက်ရမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ ဧရာဝတီသင်တန်းကျောင်းနှင့် သင်ကြား ရေးဆေးရုံတွင်      လက်တွေ့တစ်လ တက်ရောက်သင်ယူရမည်   ဖြစ်သည်။ ရွေးချယ်ခံရသည့် သင်တန်းသား ငါးဦး သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ စတင်၍ မင်းဘူးမြို့တွင်    တက်ရောက် သင်ယူလျက်ရှိသည်။ 

 


နှစ်လတာသင်တန်းအတွက် ခန့်မှန်း ကုန်ကျစရိတ်  တစ်ဦးလျှင်   ငွေကျပ် ၈၀၀၀၀၀ ခန့် ရှိပြီး အခြားကုန်ကျစရိတ် များ အပါအဝင်   စုစုပေါင်း    ငွေကျပ် ၆၃၂၀၀၀၀ ခန့်ကို MPRL E&P CSR အစီ အစဉ်က မန်းရေနံမြေ ဒေသခံလူငယ်များ အတွက် ပညာသင်ဆုချီးမြှင့်ခြင်းအဖြစ် ပံ့ပိုးခြင်းဖြစ်သည်။ အလားတူ သင်တန်း ပြီးဆုံး အောင်မြင်သည့် သင်တန်းသူများ အတွက်  အလုပ်အကိုင်အခွင့်အလမ်းသစ် များ ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိသည်။ 

 


အလုပ်အကိုင်ဖန်တီးပေး


MPRL E&P  သည်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မန်းရေနံမြေ   ဒေသခံ လူငယ်အမျိုးသမီးသုံးဦးကို    ဆေးဝါး ကျွမ်းကျင်နှင့် ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတက်ရောက်နိုင်ရန် ပညာသင် ဆုများ   ပံ့ပိုးခဲ့ပြီး    သင်တန်းပြီးဆုံး အောင်မြင်ခဲ့သည့်  သင်တန်းသူ သုံးဦး၏ အလုပ်အကိုင်အခွင့်အလမ်းသစ်များကိုပါ တိုးတက်ဖန်တီးပေးနိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုရှိသည့်    ကာလများအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အဆိုပါသင်တန်းသူများက တစ်တပ် တစ်အား ဝိုင်းဝန်းပံ့ပိုးနိုင်ခဲ့သည်။ 

 


MPRL E&P သည် ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို   စိုက်ပျိုး ရေးသိပ္ပံ (ပွင့်ဖြူ) နှင့်လည်း   ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်အတွက် သင်တန်းများဖွင့်လှစ် ပါက    မန်းရေနံမြေဒေသခံလူငယ်များ အတွက်    ပညာသင်ဆုများချီးမြှင့်ပြီး သင်တန်းတက်ရောက်နိုင်ရေး   ကြိုတင် ပြင်ဆင်ထားပြီးဖြစ်သည်။    

သတင်းစဉ်