
နေပြည်တော် ဇန်နဝါရီ ၇
အနာဂတ်လယ်ယာကဏ္ဍတွင် ပါဝင်ဆောင်ရွက်လာ ကြမည့် လူငယ်များအား စိုက်ပျိုး၊ မွေးမြူရေး အခြေခံ သော အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင်သူ များအဖြစ် သင်ကြားလေ့ကျင့်မွေးထုတ်ပေးကြရာ၌ စိုက်ပျိုးရေးသိပ္ပံကျောင်းများအနေဖြင့် ကျောင်းဆင်း မောင်မယ်များ အရည်အချင်းပြည့်ဝစွာ စွမ်းဆောင် နိုင်ရေးကို မျှော်မှန်းကြိုးပမ်းကြစေလိုကြောင်း၊ ၎င်းတို့၏ လုပ်ငန်းခွင် အောင်မြင်မှုများသည် ကျောင်း၏ ဂုဏ်သိက္ခာဖြစ်သည်ကို သတိပြုကြစေ လိုကြောင်း၊ ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းက ဟဲဟိုး စိုက်ပျိုးရေးသိပ္ပံကျောင်းကို ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြား သည်။
ယင်းနောက် သင်တန်းခန်းမဆောင်၌ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေး သိပ္ပံကျောင်း အုပ်ကြီးနှင့် ဆရာ ဆရာမများအား တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သင်ကြားပို့ချမှု အရည် အသွေး တိုးတက်မြင့်မားရေးအတွက် လိုအပ်သော မွမ်းမံသင်တန်းများ စီမံဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ၏ စိုက်ကွင်း စိုက်ကွက်များ မွေးမြူရေးခြံ လုပ်ငန်းများကို လက်တွေ့သင်ကြားရေး လုပ်ငန်းများအတွက် သာမက တောင်သူများအတွက် စံနမူနာပြအဖြစ် ခေါ်ယူပြသနိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများအားလုံး၌ မိမိဒေသ၏ ရေမြေရာသီဥတု မိုးလေဝသ မှတ်တမ်းများထားရှိ ရန်နှင့် စာကြည့်တိုက်များကို အဆင့်မြှင့်တင်ပြီး စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ၏ အွန်လိုင်းစာကြည့်တိုက် ကွန်ရက်များနှင့် ချိတ်ဆက်လေ့လာနိုင်ရေး ဆောင် ရွက်ရန် လိုအပ်ကြောင်းနှင့် ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်း ပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလော မြို့နယ် ဟဲဟိုးစိုက်ပျိုးရေးသိပ္ပံကျောင်း ပြန်လည် ဖွင့်လှစ်ရန်ပြင်ဆင်နေမှုများ၊ အသစ်တိုးချဲ့ ဖွင့်လှစ် မည့် မွေးမြူရေး ဒီပလိုမာသင်တန်းအတွက် အကြို လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေး သည်။
တိုင်းဒေသကြီး၊ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေး သိပ္ပံကျောင်းများ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် ဒုတိယနှစ်(ဒုတိယနှစ်ဝက်) နှင့် ပထမနှစ် (ဒုတိယနှစ်ဝက်) သင်တန်းများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းကျောင်းအားလုံး၌ အကြိုလုပ်ငန်းများ အားလုံး ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းဇင်း ကျေးရွာအုပ်စု တောင်သူ ဒေါ်မီဂျာ၏ နွေစပါးမျိုးစေ့ ထုတ်စိုက်ခင်းတွင် ကောက်စိုက်အဖွဲ့ ရွှေရင်အေး စပါးမျိုး စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး ဒေသ နေတောင်သူများနှင့် တွေ့ဆုံကာ ဒေသဝမ်းစာဖူလုံ ရေး၊ မိုးစပါး တစ်ဧက တင်း ၁၀၀ နှင့်အထက် ထွက်ရှိ ရေး နွေစပါး တစ်ဧက တင်း ၁၂၀ နှင့်အထက် ထွက်ရှိ ရေး၊ မျိုးကောင်းမျိုးသန့် သုံးစွဲရေး သွင်းအားစု မှန်ကန်ရေး ဈေးကွက်ရှိသော သီးနှံများ ပြောင်းလဲ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်လုပ်ကိုင်ပြီး အပိုဝင်ငွေရရှိရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နွေစပါး မျိုးစေ့ထုတ် တောင်သူများအား ဓာတ်မြေဩဇာ နှင့် တမာပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ် သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နမ့်ကွတ် ရေလွှဲဆည်သို့ရောက်ရှိပြီး နမ့်ဟတ်ချောင်းအတွင်း သဲနုန်းဆယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်း ကောင်း၊ တုံဆီကျေးရွာ တောင်သူများ၏ ဟင်းသီး ဟင်းရွက်စိုက်ခင်းများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးအားပေးပြီး ဒေသနေတောင်သူများနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ ဟင်းသီးဟင်းရွက်များကို ပလတ်စတစ်ရုံစနစ်အသုံးပြု၍ တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ နည်းပညာနှင့် အကူအညီများ ပေးအပ်သွားမည့်အခြေအနေများနှင့် ဌာန၊ ပုဂ္ဂလိကနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက် ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားကာ ဟင်းသီးဟင်းရွက် မျိုးစေ့နှင့် ဓာတ်မြေဩဇာများကို တောင်သူများထံ ပေးအပ်ကြောင်း သိရသည်။
သတင်းစဉ်