အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉ ဒသမ ၈၁ သန်းကျော် ရှိလာ

အဒစ်အဘာဘာ    ဇန်နဝါရီ    ၆


အာဖရိကတိုက်၌ ဇန်နဝါရီ ၅ ရက် ညနေပိုင်းအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၈၁၈၄၉၇ ဦး ရှိလာ ကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက     ယနေ့တွင် ပြောကြားသည်။


အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား ကိုယ်စား ပြုသည့် အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက် အရ             အာဖရိကတိုက်တစ်ဝန်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၂၉၂၆၈   ဦးရှိကြောင်းနှင့်   ကိုဗစ်-၁၉  ရောဂါမှ     ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၈၇၆၅၂၂၄ ဦးရှိကြောင်း သိရ သည်။


အာဖရိကတိုက်၌ တောင်အာဖရိက နိုင်ငံ၊   မော်ရိုကိုနိုင်ငံ၊    လစ်ဗျားနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံ တို့သည်  ကိုဗစ်-၁၉  ရောဂါကူးစက်ခံရ မှု    အများဆုံးနိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးစင်တာက ပြောကြားသည်။
အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက် အရ အာဖရိကတိုက်တစ်ဝန်း ကိုဗစ်-၁၉

ရောဂါ ကူးစက်ခံရသူအရေအတွက်သည် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူပေါင်း၏  ၃  ဒသမ  ၃  ရာခိုင်နှုန်း ရှိကြောင်းနှင့်    အဆိုပါရောဂါကြောင့်  သေဆုံးသူအရေအတွက်သည်    ကမ္ဘာ တစ်ဝန်း     ကိုဗစ်-၁၉    ရောဂါကြောင့်      သေဆုံးသူပေါင်း၏ ၄ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။


တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၄၇၅၅၁၂ ဦးရှိကြောင်း၊ မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၉၇၁၉၆၁ ဦး ရှိကြောင်းနှင့် တူနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၇၂၈၈၀၂ ဦး ရှိကြောင်း   အာဖရိကရောဂါထိန်းချုပ် ရေးနှင့်      ကာကွယ်ရေးစင်တာက ပြောကြားသည်။


အာဖရိကတိုက်၌ အာဖရိကတောင် ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါကူးစက် မှုအများဆုံးဒေသဖြစ်ပြီး    အာဖရိက မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဒုတိယအများ ဆုံးဖြစ်ကာ အာဖရိကအလယ်ပိုင်းဒေသ သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအနည်း ဆုံးဖြစ်ကြောင်း သိရသည်။


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်