
ကနောင်
=====
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့သည်မှာ ဆယ်လပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဆယ်လတာအတွင်း အစိုးရနှင့် ပြည်သူများသည် ကမ္ဘာ့ကပ်ရောဂါအန္တရာယ်၊ ကိုယ်ကျိုးရှာ ပြည်ဖျက်လိုသည့် အကြမ်းဖက်သမားများ၏အန္တရာယ်တို့ကို ကြံ့ကြံ့ခံ၍ နှိမ်နင်းကျော်ဖြတ်ခဲ့ကြသည်။ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို တိတိကျကျလိုက်နာခြင်းဖြင့် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ပေါင်းစပ်ကာ ရည်မှန်းရာပန်းတိုင်ဆီသို့ ချီတက်လျက်ရှိရာ နိုဝင်ဘာလအတွင်း ဆောင်ရွက်ချက်များအနက် သတင်းအချက်အလက်အချို့ကို ကောက်နုတ်တင်ပြလိုက်ရပါသည်။
(ယမန်နေ့မှအဆက်)
(၂၇) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ က အိမ်ရှင်အဖြစ် ဦးဆောင်၍ နိုဝင်ဘာ ၁၁ ရက်က ကျင်းပရာ အာဆီယံ- တရုတ် ပို့ဆောင်ရေးဝန်ကြီး များအစည်းအဝေးနှင့် US-ASEAN Business Council (US-ABC) ဆွေးနွေးပွဲတို့ကိုလည်း တစ်ဆက်တည်းကျင်းပသည်။ ထို့အတူ နိုဝင်ဘာ ၁၂ ရက်က အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သည့် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံတို့နှင့် ကျင်းပသော (၁၉) ကြိမ်မြောက် အာဆီယံ - ဂျပန် ပို့ဆောင်ရေးဝန်ကြီးအစည်းအဝေး၊ (၁၂) ကြိမ် မြောက် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေးဝန်ကြီး အစည်းအဝေးနှင့် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံ များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အထူးအစည်းအဝေး များသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့သည်။
နိုဝင်ဘာလအတွင်း စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးဆွေးနွေးပွဲ (4th World Media Summit)၊ အရှေ့တောင်အာရှနိုင်ငံများ ဆိုင်ရာ စာရင်းကိုင်များအဖွဲ့ချုပ်၏ (၂၂) ကြိမ်မြောက် ညီလာခံ၊ ၂၀၂၁ ခုနှစ် တရုတ်-အာဆီယံအသက်မွေး ဝမ်းကျောင်းပညာရေးပြပွဲနှင့်ဖိုရမ်၊ PATA Destination Marketing Forum-2021၊ အာရှ ပစိဖိတ် အင်ဂျင်နီယာအသင်းများ၏အသင်းချုပ်၊ Federation of Engineering Institutions of Asia and Pacific (FEIAP)၏ (၁၃)ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးများသို့ လည်း သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ခြင်းဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆက်ဆံမှုများ ဆောင်ရွက်ခဲ့သည်။
ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၅ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိခဲ့ကြသည်။ ဂျပန်နိုင်ငံ၏ အထူးကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ သည် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက်ရှိ တိုက်ပွဲရှောင်စခန်းနှင့် ဥဿလင်း ဘုန်းတော်ကြီးကျောင်းတိုက်ရှိ တိုက်ပွဲရှောင်စခန်း တို့၌ ယာယီနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူ များနှင့် သက္ကယ်ပြင်ကျေးရွာရှိ ကယ်ဆယ်ရေးစခန်း ၌ နေထိုင်လျက်ရှိသည့် ဘင်္ဂါလီများအား သွားရောက် တွေ့ဆုံ၍ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံခဲ့ပြီး အထူး ကိုယ်စားလှယ်က သတင်းမီဒီယာများသို့လည်း မြန်မာနိုင်ငံခရီးစဉ်အကြောင်း ဖြေကြားခဲ့သည်ကို လည်း မြင်တွေ့ရသည်။
အခြေအမြစ်မရှိသည့်စွပ်စွဲမှုများအပေါ်
ပြန်လည်တုံ့ပြန်
(၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီ (လူမှုရေး၊ လူသားချင်း စာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ)၏ နိုဝင်ဘာ ၁၇ ရက် အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာအဆိုမူကြမ်း (Situation of Human Rights of Rohingya Muslims and other minorities in Myanmar) ကို မဲမခွဲဘဲ အတည်ပြုခဲ့ ခြင်းအပေါ် ပြန်လည်တုံ့ပြန်သည့် ကြေညာချက် တစ်စောင်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့အတူ နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုဝင်ဘာ ၂၇ ရက် သတင်းထုတ်ပြန်ချက်၌ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအချို့က နိုဝင်ဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ပူးတွဲကြေညာချက်ကိုထုတ်ပြန်ရာ တပ်မတော်က အစိုးရဆန့်ကျင်သူများကို အင်အားအလွန်အကျွံ သုံးစွဲချေမှုန်းနေကြောင်းနှင့် လူ့အခွင့်အရေး ချိုးဖောက် မှုများကို ကျူးလွန်နေကြောင်း ဖော်ပြထားသည်ကိုတွေ့ရှိရသည်ဟုပါရှိထားပါကြောင်းနှင့် ယင်းဖော်ပြ ချက်များသည် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များ နှင့် အစိုးရဆန့်ကျင်နေသူများ၊ အကြမ်းဖက်အဖွဲ့များ ထံမှ ရရှိသည့်အချက်များကို အခြေခံထားသော ကြောင့် မှန်ကန်မှုမရှိကြောင်း ဖော်ပြထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့၏ ၁၀/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၆ ရက်က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အာဆီယံအစည်း အဝေးများတက်ရောက်ရေးကိစ္စအပါအဝင် ကိုယ်စား ပြုမှုဆိုင်ရာနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင် အချို့ နိုင်ငံများသည် အာဆီယံ၏ ပဋိညာဉ်စာတမ်းနှင့် အခြေခံမူများတွင် ပြဋ္ဌာန်းထားမှုမရှိခြင်းနှင့် အာဆီယံ ၏ ရည်ရွယ်ချက်တို့နှင့်လည်း ဆန့်ကျင်နေသည့် အတွက် မြန်မာနိုင်ငံဘက်မှ ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်မှု၊ အာဆီယံနှင့် ဆက်ဆံမှုသမိုင်း ကြောင်း၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်း ကိစ္စနှင့် NUG၊ CRPH အမည်ခံအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်အဖွဲ့အစည်းများ ဖွဲ့စည်းမှု၊ ဖမ်းဆီးရမိ တရားခံ NLD ပါတီဝင် ဖြိုးဇေယျာသော်၏ ရန်ကုန် မြို့တွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် အခြေအနေများနှင့် ၎င်းနှင့်ဆက်စပ်တရားခံများကို လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှုများကို သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်က ရှင်းလင်းပြောကြားခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ ဝင် ဦးခင်မောင်ဦးက တည်ဆဲနိုင်ငံရေးပါတီများ၏ စာရင်းများကို စစ်ဆေးဆောင်ရွက်မှုအခြေအနေ များ၊ အချိုးကျကိုယ်စားပြုစနစ်(PR)နှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲပြုလုပ်ခဲ့မှုအခြေအနေများ၊ ၂၀၂၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့် မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ဆောင်ရွက်ခဲ့ကြ သူများအပေါ် အရေးယူဆောင်ရွက်မှု အခြေအနေ များနှင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ဥပဒေ၊ နည်းဥပဒေ များ သုံးသပ်ပြင်ဆင်ခြင်းအပါအဝင် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို PowerPoint Presentation များဖြင့် ရှင်းလင်းပြောကြားသည်။
ရွေးကောက်ပွဲစနစ်အတွက်စတင်ဆွေးနွေး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ စိတ်ပါ ဝင်စားသူများပါဝင်သော ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက်က ကျင်းပသည်။ PR စနစ်သည် မဲဆန္ဒနယ်ကို ဧရိယာကျယ်ပြန့်စွာ သတ်မှတ်၍ ယင်းမဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေကိုပါ သတ်မှတ်ပေးပြီး ပါတီအဖွဲ့အစည်းအလိုက် ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး ရွေးကောက်ပွဲတွင် ပါတီ အဖွဲ့အစည်းအလိုက်ရရှိသည့် ထောက်ခံဆန္ဒမဲ အပေါ်မူတည်၍ ရွေးကောက်ခံရသည့် ကိုယ်စား လှယ်ဦးရေကို သတ်မှတ်ပေးသည့်စနစ်လည်း ဖြစ်သည်။ ယင်းစနစ်အရ တစ်သီးပုဂ္ဂလများလည်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ယင်းတို့ရရှိသော ထောက်ခံ ဆန္ဒမဲအပေါ်မူတည်၍ ရွေးကောက်တင်မြှောက် ခံနိုင်ပါကြောင်း သိရှိရသည်။
c စာမျက်နှာ ၆ မှ
ထို့အတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ (National Development and Peace Party )မှ နိုင်ငံရေးပါတီ ကို ဖျက်သိမ်းကြောင်း တင်ပြချက်နှင့်စပ်လျဉ်း၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှစ၍ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှပယ်ဖျက်၍ ပါတီ အားဖျက်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဝန်ကြီးဌာနများ၏ကြိုးပမ်းမှု
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင် ဦးသည် နိုဝင်ဘာ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်စွန့်ပစ်ပစ္စည်းများ သိမ်းဆည်းစုဆောင်း စွန့်ပစ်သည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် TYTC Services Co., Ltd. သို့ သွားရောက်ကြည့်ရှု၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရရှိပြီး နောက်ပိုင်း လုပ်ငန်းစတင်ဆောင်ရွက်ရန် ပြင်ဆင် ထားရှိမှု၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို အကြံပြုဆွေးနွေး ပေးခဲ့သည်။ ထို့အတူ Colgate-Palmolive (Myanmar) Limited စက်ရုံ၏လုပ်ငန်းလည်ပတ်မှု၊ ကုန် ပစ္စည်း ထုတ်လုပ်မှု၊ ခရီးသည်တင်ယာဉ်များအား CKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း၊ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက် လျက်ရှိသည့် SC Auto (Myanmar) Co., Ltd. တို့ကို သွားရောက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းအခြေအနေ များအပေါ် ဆွေးနွေးမှာကြားခဲ့သည်။
ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီအစည်း အဝေး (၂/၂၀၂၁)ကို နိုဝင်ဘာ ၂၄ ရက်က ကျင်းပရာ မြန်မာနိုင်ငံအနေဖြင့် ပုပ္ပားဒေသ အမျိုးသားအဆင့် ဘူမိဥယျာဉ်ကို မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ဘူမိနယ်မြေ (Geosite) ၁၅ နေရာ အဆိုပြုသွားမည်ဖြစ်ကြောင်း ဘူမိနယ်မြေ (Geosite)များသည် မြန်မာနိုင်ငံ ဘူမိ သိပ္ပံအသင်း၏ပညာရှင်များ စနစ်တကျကွင်းဆင်း လေ့လာဖော်ထုတ်ပြီး ရွေးချယ်ထားသောနေရာ များဖြစ်ကာ စိန်ခေါ်မှုများလည်းရှိနေသည့်အတွက် Geosite များ၏ ဧရိယာ၊ မြေအသုံးချမှု၊ မြေစီမံခန့်ခွဲ မှုများကို သေချာလေ့လာပြီး သက်ဆိုင်သောဒေသခံ များ၊ ဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် အမျိုးသားအဆင့် နှင့် ကမ္ဘာအဆင့်ဘူမိဥယျာဉ်များ သတ်မှတ်ခြင်းမှ တစ်ဆင့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာနိုင်ပြီး ဒေသခံများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူ ပြုလာနိုင်မည်ဖြစ်ကြောင်းကို လည်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သင်တန်းကျောင်းများကို ကြည့်ရှုစစ်ဆေးသည်။ နယ်စပ်ရေးရာဝန်ကြီးဌာနသည် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းအပြီးတွင် ဘိုကလေးမြို့နှင့် မအူပင်မြို့ တို့တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း တစ်ကျောင်းစီ၊ ပုသိမ် မြို့နှင့် လပွတ္တာမြို့တို့တွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း တစ်ကျောင်းစီနှင့် လပွတ္တာမြို့တွင် စက်မှုလက်မှု ပညာသင်တန်းကျောင်းတစ်ကျောင်း စုစုပေါင်း ငါးကျောင်း တည်ထောင်ဖွင့်လှစ်ကာ ဒေသခံလူငယ် လူရွယ် အမျိုးသမီးငယ်များအား အခြေခံပညာနှင့် အသက်မွေးဝမ်းကျောင်းပညာများကို သင်ကြား လေ့ကျင့်ပေးခဲ့သည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)နှင့် (အောက်မြန်မာပြည်)တို့တွင် ဝန်ထမ်းများအား စီမံခန့်ခွဲမှုသင်တန်းနှင့် ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်းစသည်တို့ကို ဖွင့်လှစ် ခြင်း၊ ဝန်ကြီးဌာနအသီးသီးရှိ လစ်လပ်နေရာများ အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဝန်ထမ်းတာဝန် ထမ်းဆောင်လိုသော အရည်အချင်းကိုက်ညီသူ များကို ရွေးချယ်ခန့်ထားနိုင်ရေး ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့တွင်လည်း အဆင့်မြင့် ပညာရေးနှင့် အခြေခံပညာတို့တွင် သင်ကြားပြသ ကြမည့် နည်းပြ၊ သရုပ်ပြ၊ အခြေခံပညာ ဆရာ ဆရာမများကို ခန့်အပ်ခြင်း၊ သစ်လွင်ဆရာ ဆရာမ များအား လိုအပ်သည့် သင်ကြားလေ့ကျင့်မှုများ ပြုလုပ်ပေးခြင်း၊ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံ ပညာကျောင်းများတွင် ခန့်အပ်တာဝန်ပေးခြင်းများ ကို နိုဝင်ဘာလအတွင်း ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၁ ရက်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယင်းနေ့ နံနက်ပိုင်း တွင် တောင်ငူတက္ကသိုလ်နှင့် တောင်ငူပညာရေးဒီဂရီကောလိပ်တို့၌ အသစ် ခန့်အပ်သော တက္ကသိုလ်နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမသစ်လွင်များ၊ အခြေခံပညာ ဆရာ ဆရာမ သစ်လွင်များနှင့် တွေ့ဆုံခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေး နည်းပညာတက္ကသိုလ်၊ မြန်မာသတင်းအချက် အလက် နည်းပညာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် (မန္တလေး)၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၊ မန္တလေးကွန်ပျူတာ တက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) တို့သို့ နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး သင်ကြားသင်ယူမှုကိစ္စရပ်များ၊ အိုင်စီတီအသုံးပြု၍ သင်ကြားသင်ယူမှုအခြေအနေ များ၊ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်း များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများအပါအဝင် နိုင်ငံတကာတက္ကသိုလ် များနှင့် ပူးပေါင်း၍ သင်ကြားမှုမြှင့်တင်ခြင်းအစီအစဉ် များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆို ခွင့်လျှောက်လွှာများကို ၂ဝ၂၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၃ဝ ရက်အတွင်း လျှောက်ထားရ မည်ဖြစ်ပြီး ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်း သူများသည် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး များတွင် ဖြေဆိုခွင့်လျှောက်လွှာဝယ်ယူ၍ အချိန်မီတင်သွင်းလျှောက်ထားနိုင်ကြောင်း သိရ
သည်။
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်နှင့် မြန်မာနိုင်ငံ ပြည်ပအလုပ် အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်ကကျင်းပခဲ့ပြီး အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များကို ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်မှုရှိရန်နှင့် ပြန်လည်စေလွှတ်ခွင့်ပြုပါက အလုပ်ရှင်၊ အလုပ်သမားပြဿနာများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ကြိုတင်ပြင်ဆင် လျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ အမရပူရ မြို့နယ်တွင် တောင်သမန်သစ္စာ ကျေးလက်အပန်းဖြေ စီမံကိန်းအကောင်အထည်ဖော်ရာတွင် MIC ဥပဒေ များကို အလေးထားလိုက်နာရန်နှင့် ဝန်ကြီးဌာနများ က ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်ကြ ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက နိုဝင်ဘာလ တတိယပတ်တွင် လမ်းညွှန် မှာကြားခဲ့သည်။ ထို့အတူ ခေတ်မီစံပြကျေးရွာ (Smart Village) အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းခြင်းများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနက နိုဝင်ဘာလဒုတိယပတ်အတွင်း ဆောင်ရွက်နေပြီဖြစ်သည်။ တိုင်းဒေသကြီး/ ပြည်နယ် များတွင် တိုးချဲ့ဆောင်ရွက်သွားရန်လျာထားပြီး စီမံကိန်းကို Pilot အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့ရှိ ကျေးရွာသုံးရွာတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှ မြေစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုပေးနေသည့် ကိစ္စရပ်များကို နိုဝင်ဘာ ၂၂ ရက်မှစ၍ မြေစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှု ကိစ္စများကို ပြည်သူများ ပိုမိုအဆင်ပြေစေရေး အတွက် ခရိုင် /မြို့နယ်များအားလုံး ရုံးဖွင့်ရက်များ တွင် နေ့စဉ်ပြန်လည်လက်ခံနေပြီဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကော့သောင်းမြို့တွင် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ စိုက်ပျိုးရေး လုပ်ငန်း၏ အဓိကလိုအပ်ချက် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထိရောက်စွာအသုံးပြုနိုင်ရေး၊ ဒေသ ဟင်းသီးဟင်းရွက်မျိုးများနှင့် ခေတ်မီနည်းစနစ်များ ဖြန့်ဖြူးပေးရန်၊ မိသားစုစိုက်ခင်းများ၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် နည်းလမ်းများကို လိုအပ်နေသူများလက်ဝယ် အရောက် ဖြန့်ဖြူးပေးရေး၊ ရေလုပ်သားများ ဘေးကင်းလုံခြုံရေးနှင့် ရေရှည်အသက်မွေး ဝမ်းကျောင်းအတွက် လုပ်ငန်းကျွမ်းကျင်မှု မြှင့်တင် ပေးသောသင်တန်းများ ဖွင့်လှစ်ပေးရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။
မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၄ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ အွန်လိုင်းစနစ်ဖြင့်ကျင်းပရာ လူ့စွမ်းအားအရင်း အမြစ်တိုးပွားရေးအတွက် သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးသိပ္ပံ (နေပြည်တော်၊ ပျဉ်းမနား)၊ ပုသိမ်ကြီးနှင့် ဟဲဟိုးတို့တွင် ရှေ့ပြေး ဖွင့်လှစ်မည့်အစီအမံများကို စတင်ဆောင်ရွက် နေပြီး
m စာမျက်နှာ ၇ မှ
မွေးမြူရေးကဏ္ဍတစ်ခုလုံးကို ခြုံငုံမိသော သုတေသနလုပ်ငန်းများဖြစ်စေရေးနှင့် လက်တွေ့ အသုံးချသုတေသနလုပ်ဆောင်ရေး၊ မွေးမြူရေးကို အခြေခံသော ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်ချက်များ ကူညီပံ့ပိုးပေးရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ (National Seed- Related Committee - NSC)၏ အကြိမ် (၂၀) မြောက် အစည်းအဝေးကို နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့်ကျင်းပရာ သီးနှံ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် မျိုးစေ့ ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီတို့က မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်စိစစ်ပြီး သဘောထားမှတ်ချက်များဖြင့် တင်ပြထားသော စမ်းသပ်စိုက်ပျိုးသီးနှံမျိုးကွဲမျိုးသစ်များ အသိအမှတ် ပြုလက်မှတ်ထုတ်ပေးနိုင်ရေး ဆွေးနွေးကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကျင်းပပြုလုပ်သည့် ရှောက်၊ လိမ္မော်၊ သံပရာမျိုးများ ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ (Citrus Fair, 2021) ဖွင့်ပွဲကို နိုဝင်ဘာ ၂၇ ရက်က နေပြည်တော် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီး ဌာန၌ ကျင်းပခဲ့သည်။ ရှောက်၊ လိမ္မော်၊ သံပရာ မျိုးရင်းဝင်အပင်များ နိုင်ငံတစ်ဝန်း၌ စိုက်ဧက တစ်သန်းခန့်ရှိသော်လည်း ပြည်တွင်းလိုအပ်ချက် ပြည့်မီစေရေးအတွက် တိုးတက်ထုတ်လုပ်နိုင်စေ ရေး၊ သွင်းကုန်ထိန်းချုပ်နိုင်စေရေးအတွက် ဈေးကွက် နှင့်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရရှိရေးအတွက် ကျင်းပခဲ့ခြင်းဖြစ်သည်။ အခမ်းအနားအတွင်း ပြိုင်ပွဲ များကျင်းပခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာရပ် များနှင့် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲများကိုကျင်းပခြင်းများတွင် တောင်သူ များ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များ ပါဝင်ဆွေးနွေးခဲ့ သည်ကို မြင်တွေ့ရသည်။
တောင်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက BOT စနစ်ဖြင့် တည်ဆောက် လျက်ရှိသော လူထုအခြေပြုဗဟိုဌာန (တောင်ကြီး) အဆောက်အအုံ တည်ဆောက်ပြီးစီးမှုလုပ်ငန်းများ ကို နိုဝင်ဘာ ၂၆ ရက်က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ လူထုအခြေပြုဗဟိုဌာန (Community Centre)များသည် ပြည်သူလူထု၏ အသိပညာမြင့်မားရေးလုပ်ငန်းများသာမက ပြည်သူ များ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့် လူ့အဖွဲ့အစည်းများနှင့် တိုက်ရိုက်သက်ဆိုင်သည့် အရေးကိစ္စများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားပြီး ပြီးစီးပါက လူထုအခြေပြု ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်တော့ မည်ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ် ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းတို့နှင့်အတူ နိုဝင်ဘာ ၂၈ ရက်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယဒေသရှိ ရုပ်မြင်သံကြားရိုက်ကူးထုတ်လုပ် မှုလုပ်ငန်းများအတွက် စတူဒီယိုများတည်ဆောက် နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။ ယင်း ဒေသတွင် ရုပ်မြင်သံကြားရိုက်ကူးထုတ်လုပ်မှု လုပ်ငန်းများအတွက် မြေဧက ၈၀၀ ကျော်တွင် ရုပ်မြင်သံကြားနှင့် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူး ထုတ်လုပ်ရန် လိုအပ်သောအခြေခံအဆောက်အအုံ များကို တည်ဆောက်နေခြင်းဖြစ်သည်။
စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသော အားဖြင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆို ပြိုင်ပွဲ အုပ်စုပထမပွဲစဉ်ကို နိုဝင်ဘာ ၂၆ ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ခဲ့ သည်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး တို့မှ တိုင်းရင်းသားပြိုင်ပွဲဝင်များက ယှဉ်ပြိုင်သီဆို ကြသည့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆို ပြိုင်ပွဲကို အဖွဲ့ငါးဖွဲ့ခွဲ၍ အုပ်စုပွဲစဉ် ၁၀ ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတွင်လည်းကောင်း၊ နောက်ဆုံးပွဲစဉ် နှစ်ပွဲ ကို ရန်ကုန်မြို့ ပြည်သာယာရှိ မြဝတီမီဒီယာစင်တာ တွင်လည်းကောင်း နိုဝင်ဘာ ၂၆ ရက်မှ ၂ဝ၂ ၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အထိ အပတ်စဉ် သောကြာ နေ့ညများတွင် သီဆိုယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။
အာရှနှင့် ပစိဖိတ်ဒေသအတွင်း နေထိုင်ကြ သည့် လူပုဂ္ဂိုလ်များအကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်စေရေးနှင့် ယဉ်ကျေးမှုများ အပြန်အလှန် နားလည်စေရေး ရည်ရွယ်ချက်ဖြင့် အာရှနှင့် ပစိဖိတ်ဒေသ ယဉ်ကျေးမှု ဌာန ယူနက်စကို (AC CU) တိုကျို၊ ဂျပန်နိုင်ငံက ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများနှင့် ယူနက်စကိုတို့မှ ကလေးလူငယ်စာစဉ်များကို ထုတ်ဝေခဲ့ရာ “Meet My Friends!” စာအုပ်ကို စာပေဗိမာန်မှ မြန်မာ ဘာသာသို့ ဘာသာပြန်ဆို၍ “ကမ္ဘာတစ်လွှားရှိ မိတ်ဆွေများ” အမည်ဖြင့် ထုတ်ဝေလိုက်သည်။ နိုင်ငံ ၁၄ နိုင်ငံမှ လူပုဂ္ဂိုလ်များ၏ မတူညီသည့် ယဉ်ကျေးမှုအမျိုးမျိုး၊ လူနေမှုဘဝ၊ စားသောက် နေထိုင်မှုပုံစံ၊ ကစားနည်းအမျိုးမျိုးနှင့် ပွဲတော် သဘင်များကို ရှာဖွေလေ့လာနိုင်မည့်၊ မျှဝေခံစား နိုင်မည့်အခွင့်အရေးကို ကလေးလူငယ်များရရှိနိုင် မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်က သိရှိရ
သည်။ (ဆက်လက်ဖော်ပြပါမည်)