
ပြုံယမ်း ဇန်နဝါရီ ၆
မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းမီဒီယာက မြောက်ကိုရီးယားနိုင်ငံသည် အသံထက်မြန်သည့်ဒုံးကျည်ကို ပစ်ခတ်စမ်းသပ်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ဖော်ပြခဲ့သည်။
အာဏာရ အလုပ်သမားပါတီ သတင်းစာ ရိုဒွန်ဆင်မွမ်က ကာကွယ်ရေးသိပ္ပံ အကယ်ဒမီက အဆိုပါစမ်းသပ်မှုကို လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် အဆိုပါဒုံးကျည်သည် ကီလိုမီတာ ၇၀၀ ခန့်ကို ပစ်ခတ် နိုင်ကြောင်းနှင့် ရည်ရွယ်ထား သည့် ပစ်မှတ်ကို ထိမှန်အောင် ပစ်ခတ်နိုင်ကြောင်း ဆက်လက် ဖော်ပြထားသည်။
အဆိုပါ ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုကို ဂျန်ဂန်ပြည်နယ်တွင် ပြုလုပ်ခဲ့ပြီး ဒုံးကျည်ကို ပင်လယ် ဘက်သို့ ပစ်လွှတ်စမ်းသပ်ခဲ့ သည်။ အသံထက်မြန်သော ဒုံးကျည်ကို အသံထက်ငါးဆ မြန်စေရန် ပုံဖော်ထုတ်လုပ်ထား သည်။ အဆိုပါ ဒုံးကျည်သည် အမြင့်ပေနိမ့်နိမ့်တွင် အချိန် ကာလကြာမြင့်စွာ ပျံသန်းနိုင်ရန် နှင့် ခြေရာမခံနိုင်အောင် ပုံစံ ပြုလုပ်ထားသည်။
အမေရိကန် ပြည်ထောင်စု၊ ရုရှား၊ တရုတ်နိုင်ငံတို့သည် အသံ ထက်မြန်သော ဒုံးကျည်များကို လုပ်ဆောင်နေသည့် နိုင်ငံများ ဖြစ်သည်။
မြောက်ကိုရီးယား သည် စက်တင်ဘာလက အလားတူ စမ်းသပ်မှုပြုလုပ်ခဲ့သည်။ လွန်ခဲ့ သောနှစ်က မြောက်ကိုရီးယား သည် ငါးနှစ်ကြာ ကာကွယ်ရေး အစီအစဉ် တစ်ခုပြုလုပ်ခဲ့သည်။ အဆိုပါအစီအစဉ်တွင် ဒုံးကျည် အမျိုးအစားပေါင်းများစွာ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ရန် ပါဝင်သည်။
အောက်တိုဘာလက မြောက် ကိုရီးယားနိုင်ငံသည် ရေငုပ် သင်္ဘောပစ်ဒုံးကျည်ကို စမ်းသပ် ခဲ့သည်။
အင်န်အိတ်ချ်ကေ