ဟားခါးမြို့ရှိ ပြည်သူများ၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

 

ဟားခါး    ဇန်နဝါရီ    ၆


ချင်းပြည်နယ် ဟားခါးမြို့ရှိ မိဘပြည်သူများ၊ နို့တိုက် မိခင်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ပထမ အကြိမ်     ကိုဗစ်-၁၉  ရောဂါ     ကာကွယ်ဆေး (Sinopharm) ကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ 

 


ထိုသို့  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှု ကို ယနေ့ နံနက် ၁၁ နာရီက ပြည်နယ်ဝန်ကြီးချုပ်  ဦးငွန်ဆန်းအောင်၊      ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုပြီး ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ပြည်သူများ၊  နို့တိုက်မိခင်များနှင့်  ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံရာတွင် ရရှိသည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား ပြီး  အားပေးစကားပြောကြားသည်။  ယင်းနောက် ကာကွယ်ဆေးထိုးနှံပေးကြသည့် မြို့နယ်ပြည်သူ့ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်အထူးကု ဆရာဝန်များနှင့်      စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။ 

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်း ခန်းမနှင့် မြို့သစ်ရပ်ကွက်ရှိ ကာဆင်နှစ်ခြင်းဘုရား ကျောင်းတို့တွင် ဇန်နဝါရီ ၅ ရက်မှ ၇ ရက်အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)