ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်လိုပါက ယခင် Penal Code အား အင်္ဂလိပ်လို ပြင်ဆင်ရန်မလိုတော့ဘဲ မြန်မာဘာသာဖြင့် ပြင်ဆင်နိုင်ပြီဖြစ် နိုင်ငံသားများ၏ ဥပဒေပါရပိုင်ခွင့်များ မှန်မှန်ကန်ကန်ရရှိရေးကိုလည်း အလေးထားရန်လို

 

 

နေပြည်တော်   ဇန်နဝါရီ    ၆


ဥပဒေရေးရာ      ဝန်ကြီးဌာန ပြည်ထောင်စု      ဝန်ကြီးနှင့် ပြည်ထောင်စု    ရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေ ချုပ်များ ဆောင်ရွက်ဆဲအမှုလိုက် လုပ်ငန်းများနှင့်  စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီး ဌာန မြေညီထပ် အစည်းအဝေး ခန်းမ၌  Virtual စနစ်ဖြင့် ကျင်းပ သည်။

 

 
ပူးပေါင်းဆောင်ရွက်နိုင်


အစည်းအဝေးတွင်    ပြည် ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြည်ထောင်စု  ရှေ့နေချုပ်ရုံးအား ဥပဒေရေးရာဝန်ကြီးဌာန (Mini-stry of Legal  Affairs) အဖြစ် ၂၀၂၁ ခုနှစ် ဩဂုတ် ၃၀  ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ထိုကဲ့ သို့ ဝန်ကြီးဌာနအဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်ခြင်းဖြင့် တရားဥပဒေ စိုးမိုးရေးနှင့်  တရားမျှတမှုဆိုင်ရာ      ပေါင်းစပ်     ညှိနှိုင်းရေးအတွက်    ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များနှင့်      အခြားဝန်ကြီးဌာနများ အကြား    ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ပါ ကြောင်း၊   ဥပဒေရေးရာဝန်ကြီး ဌာန၏ ဝန်ကြီးရုံးဖွဲ့စည်းပုံအဖြစ်  အုပ်ချုပ်ရေးနှင့်   လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ၊ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း   စိစစ်ရေးနှင့် လုပ်ငန်းများ   စစ်ဆေးရေးဌာနခွဲ၊ စီမံကိန်းနှင့်   စာရင်းအင်းဌာနခွဲ၊ ဌာနတွင်းစာရင်းစစ်နှင့်   ဘဏ္ဍာ ရေးဌာနခွဲ၊      ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြား ရေးဌာနခွဲ၊ ဦးစီးရုံးတို့ကို ထားရှိပြီး E-Government ဌာနခွဲ၊ လူ့စွမ်း အားအရင်းအမြစ်    စီမံခန့်ခွဲမှု ဌာနစိတ်၊      စောင့်ကြည့်လေ့လာ အကဲဖြတ်ရေး      ဌာနစိတ်နှင့် ပုဂ္ဂလိကတိုင်ကြားစာများ   စိစစ် ဆောင်ရွက်ရေး   ဌာနစိတ်တို့ကို အသစ်ဖွဲ့စည်းခဲ့ပြီး    ဝန်ကြီးဌာန တစ်ခုအဖြစ် လုပ်ငန်းများ ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း။

 


သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိ


ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း    ၂၀၁၅-၂၀၁၉ ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး မဟာဗျူဟာစီမံကိန်း ၂၀၂၀-၂၀၂၄ ကိုလည်း ဥပဒေရေးရာ ဝန်ကြီး ဌာနအနေဖြင့် မိမိတို့ ဆောင်ရွက် နိုင်သည့် ကဏ္ဍများကို မိမိတို့၏ နည်းလမ်းဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊  အထူးသဖြင့်  နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့် အညီ   ဥပဒေအသိပညာပြန့်ပွား ရေးအတွက် အခြားသော ဝန်ကြီး ဌာနများမှ သက်ဆိုင်ရာ တာဝန် ရှိသူများကို  ဥပဒေအသိပညာများ ရရှိစေရေးအတွက် သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ဌာန ဆိုင်ရာ       အသီးသီးအနေဖြင့် စီးပွားရေး   စာချုပ်စာတမ်းများ ချုပ်ဆိုခြင်း၊ ဥပဒေ(မူကြမ်း)များ စိစစ်ပေးရေးတို့တွင်    အသုံးပြု ကိုးကားနိုင်ရေးအတွက် စီးပွား ရေး စာချုပ်စာတမ်းများ ချုပ်ဆို ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့် ဥပဒေ(မူကြမ်း)         ရေးဆွဲရေး လမ်းညွှန်စာအုပ်များကိုလည်း ထုတ်ဝေဖြန့်ဖြူးပေးခဲ့ကြောင်း။

 


မြန်မာဘာသာဖြင့်  ပြင်ဆင်

မိမိအနေဖြင့် ဥပဒေဘာသာ ပြန်      ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် စာအုပ်အမှတ် ၉ အဖြစ်   ရာဇသတ်ကြီးစာအုပ်ကို ထုတ်ဝေနိုင်ခဲ့ကြောင်း၊ ရာဇသတ် ကြီးကို ယခင်က အလွတ်သဘော ဘာသာပြန်ဆိုသုံးစွဲလျက်ရှိရာမှ ယခု  တရားဝင်  (Authentic)အဖြစ် ဥပဒေအရ အမိန့်ကြော်ငြာ စာဖြင့်       ထုတ်ဝေခဲ့ကြောင်း၊  ရာဇသတ်ကြီးဥပဒေကို ပြင်ဆင် လိုပါက ယခင် Penal Code အား အင်္ဂလိပ်လို ပြင်ဆင်ရန်မလိုတော့ ဘဲ  မြန်မာဘာသာဖြင့်  ပြင်ဆင် နိုင်ပြီဖြစ်ကြောင်း၊ အမှုကိစ္စများ ဆောင်ရွက်ရာတွင်  အကြံပေးကိစ္စ များ၌ သတိထား၍ ဆောင်ရွက်ရန် လိုကြောင်း၊     နိုင်ငံသားများ၏ ဥပဒေပါရပိုင်ခွင့်များ     မှန်မှန် ကန်ကန်ရရှိရေးကိုလည်း အလေး ထားရန်လိုကြောင်း၊ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေ ချုပ်သည်    တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများ   တရား စီရင်ရေး အထောက်အကူပြုအဖွဲ့ တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ပါဝင် ဆောင်ရွက်ရသည့်အတွက် တရား ရုံး       စစ်ဆေးဆဲအမှုများကို သတ်မှတ်ကာလအတွင်း ပြီးပြတ် အောင်   သက်ဆိုင်ရာ  တရားရုံး၊ ဆက်စပ်ဌာနများ   ဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊    အဂတိ လိုက်စားမှု     တိုက်ဖျက်ရေး ကော်မရှင်၊   အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးဦးစီးဌာနများနှင့်      ညှိနှိုင်းပြီး ပေါင်းစပ်    ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း   ပြောကြား သည်။

 


ပြန်လည်မေးမြန်းဆွေးနွေး


ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်      ဥပဒေချုပ်များက လုပ်ငန်းဆောင်ရွက်နိုင်မှု   အခြေ အနေများ၊ အခက်အခဲများ၊ အမှု များ     ကြန့်ကြာရခြင်းအပေါ် ကျော်လွှားနိုင်ရန်ကိစ္စများ၊   စီမံ ရေးရာနှင့်စပ်လျဉ်း၍    ညှိနှိုင်း ဆောင်ရွက်ရန်  အချက်များအား ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ ရှင်းလင်းတင်ပြခြင်းများ ပြုလုပ် သည်။ 

 


အစည်းအဝေးသို့    ဒုတိယ ဝန်ကြီးနှင့်   ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊   ရန်ကုန်တိုင်းဒေသ ကြီး  ဥပဒေချုပ်  ဦးဌေးအောင်၊ တိုင်းဒေသကြီးနှင့်      ပြည်နယ် ဥပဒေချုပ်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း    သိရ သည်။              
     

 သတင်းစဉ်