မိုင်းရယ်မြို့နယ်၌ ပြည်သူ့ဆေးရုံနှင့် ဟိုယ၊ မန်ဖျက်တို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

မိုင်းရယ်   ဇန်နဝါရီ   ၆


ရှမ်းပြည်နယ်      မြောက်ပိုင်း မိုင်းရယ်မြို့နယ်၌     ဦးတည် အုပ်စုများအလိုက် အသက် ၁၈ နှစ်အထက်       ရှိသူများအား ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးလျက်ရှိရာ      ယနေ့ နံနက်ပိုင်းမှစ၍    မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံ ဟိုယကျေးလက်ကျန်းမာရေးဌာနခွဲနှင့်   မန်ဖျက် ကျေးလက် ကျန်းမာရေးဌာနခွဲတို့ တွင် ၂၇၅  ဦးအား  ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 


အဆိုပါ  ကာကွယ်ဆေးထိုးနှံ ရာတွင် ဦးတည်အုပ်စုများအလိုက် အသက် ၁၈ နှစ်အထက် တတိယ အသုတ်        ဒုတိယအကြိမ် လာရောက်ထိုးနှံသူ   ၂၅  ဦးနှင့် စတုတ္ထအသုတ်   ဒုတိယအကြိမ် ၂၅၀  စုစုပေါင်း ၂၇၅ ဦးကို ထိုးနှံ ပေးနိုင်ခဲ့ကြောင်းနှင့် ဆေးထိုးနှံ ရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေးသွားမည်  ဖြစ်ကြောင်း သိရသည်။  

 


ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံရာသို့   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊    ကျန်းမာရေး ဝန်ထမ်းများ၊    ဌာနဆိုင်ရာများ နှင့် ပရဟိတအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကျော်ဇင်ထိုက်