အင်တာနက်ဝန်ဆောင်မှုများအပေါ် ကုန်သွယ်လုပ်ငန်းခွန်တိုးမြှင့်ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

 

ဖွံ့ဖြိုးဆဲနိုင်ငံအများစု၏ ဆက်သွယ်ရေးဝန်ဆောင်မှုသုံးစွဲခြင်းအပေါ် အခွန်ကောက်ခံမှုကို လေ့လာရာတွင် ပုံမှန်ကုန်သွယ်လုပ်ငန်း ခွန်အပြင် ကဏ္ဍအလိုက်သီးခြားအခွန် (Sector specific tax)ကိုပါ ကောက်ခံလျက်ရှိကြောင်း တွေ့ရှိရသော်လည်း ယင်းကဏ္ဍအလိုက် သီးခြားအခွန်ကို   မြန်မာနိုင်ငံတွင်  ယနေ့အထိ ကောက်ခံခြင်း မရှိ သေးကြောင်း တွေ့ရှိရပါသည်။

 


ကိုဗစ်-၁၉   ကပ်ရောဂါကြောင့်  ထိခိုက်ကျဆင်းလျက်ရှိသော စီးပွားရေးလုပ်ငန်းများကို ကုစားနိုင်ရန်အတွက် အခြားသော အခွန် ကောက်ခံမှုများကို လျှော့ပေါ့ခြင်း၊ ဆိုင်းငံ့ခြင်းများအား နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိပါသည်။     သို့ရာတွင် မြန်မာနိုင်ငံတွင် အင်တာ နက်     ဝန်ဆောင်မှုသုံးစွဲခြင်းမှာ       များပြားလျက်ရှိသည့်အတွက် အင်တာနက်ဝန်ဆောင်မှုများသုံးစွဲမှုအပေါ်    ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်ကောက်ခံခြင်းဖြင့်    နိုင်ငံ့ဝင်ငွေ  တိုးတက်ရရှိနိုင်သည့်အပြင် အင်တာနက်ကို အလွန်အကျွံအလွဲသုံးမှုများကြောင့် ပြည်သူများ၏ အလုပ်အကိုင်များကို      ထိခိုက်မှုများ၊   မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကို လျှော့ချ ပေးနိုင်မည်ဖြစ်ပါသည်။

 


ဖုန်းခေါ်ဆိုမှုနှင့် SMS သုံးစွဲမှုများအတွက် ကုန်သွယ်လုပ်ငန်းခွန်တိုးမြှင့်ကောက်ခံမည်မဟုတ်ပါ။ အင်တာနက်ဝန်ဆောင်မှုများအပေါ် ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်ကောက်ခံရာတွင်လည်း  လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတ များရရှိရေးအတွက် သုံးစွဲသည့်အခွန်ထမ်းများအတွက် လိုအပ်သလို ဖြေလျှော့ပေးနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အင်တာ နက် ဝန်ဆောင်မှုများအပေါ် ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်ကောက်ခံ သည့် အားလျော်စွာ ဝန်ဆောင်မှု အရည်အသွေးနှင့် ကွန်ရက်လွှမ်းခြုံ နိုင်မှုတို့ကို ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ အင်တာနက်ဝန်ဆောင်မှုများအပေါ် ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့် ကောက်ခံနိုင်ရန်အတွက်   ၂၀၂၁  ခုနှစ်၊   ပြည်ထောင်စု၏  အခွန် အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် ထည့်သွင်းပြင်ဆင် ပြဋ္ဌာန်းခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။