ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်   ဇန်နဝါရီ    ၆ 


အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်းအသီးသီး မှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဇန်နဝါရီ ၆ ရက်က  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီတစ်ခုမှ Xeparin 60 mg Injection အခု ၅၉၉၆၀၊ XEN-C 50 mg အခု ၁၀၀၂၀၊ ရန်ကုန်ဆိပ်ကမ်းများမှ Electronic Blood Pressure Monitor အခု ၅၉၈၀၀၊ ဆေးဝါးမျိုးစုံ ၂၇ မျိုး စုစုပေါင်း   ၇၁၀၅၄ ဒသမ ၄၀ kg အား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။                            

သတင်းစဉ်