မွန်ဂိုလီးယားနိုင်ငံက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ် ထိုးနှံပေးရန် စီစဉ်

အူလန်ဘာတာ  ဇန်နဝါရီ   ၅


မွန်ဂိုလီးယားနိုင်ငံသည်  နိုင်ငံသားအားလုံးကို ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး  စတုတ္ထအကြိမ် ထိုးနှံပေးရန်  စီစဉ်လျက်ရှိကြောင်း  မွန်ဂိုလီးယား ကျန်းမာရေးဝန်ကြီး အန်ဘိုးလ်က ဇန်နဝါရီ ၅ ရက် တွင် ပြောကြားသည်။


နှစ်သစ်ကူးကာလတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လာသည့်အတွက် နိုင်ငံ သားများအား   ကိုဗစ်-၁၉   ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်ထိုးနှံပေးရန်  ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး    အန်ဘိုးလ်က    သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
မွန်ဂိုလီးယားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉  ရောဂါကူးစက်ခံရသူ ၅၈၅  ဦး ထပ်မံ တွေ့ရှိခြင်းကြောင့်  အဆိုပါရောဂါကူးစက်ခံရသူ ပေါင်း ၃၉၂၁၈၉ ဦးရှိလာကြောင်း သိရသည်။


လက်ရှိတွင် မွန်ဂိုလီးယားနိုင်ငံ၌ နိုင်ငံလူဦးရေ ၃ ဒသမ ၄ သန်းရှိသည့်အနက် ၆၆ ဒသမ ၅ ရာခိုင်နှုန်း သည်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်းနှင့် အသက် ၁၈ နှစ်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၉၂၂၆၈၁ ဦးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ်အပိုဆောင်းထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။ 


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်