လက်မှတ်ရပြည်သူ့စာရင်းကိုင်(ပထမပိုင်း) သင်တန်းအမှတ်စဉ်-၄၆ သင်တန်းဖွင့်ပွဲအခမ်းအနားနှင့် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၂၃၃ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နေပြည်တော်    ဇန်နဝါရီ    ၅


လက်မှတ်ရပြည်သူ့စာရင်းကိုင်   (Certified Public Accountant - CPA) (ပထမပိုင်း) အမှတ်စဉ်- ၄၆ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး  စုပေါင်း ခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။


သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာကံဇော်က စာရင်း ပညာရှင်များ အရေအတွက်သာမက အရည်အသွေး တိုးတက်စေရန်နှင့်  စာရင်းပညာရပ်များကို နိုင်ငံတကာ နှင့်   ရင်ပေါင်တန်းဆောင်ရွက်နိုင်ရန်  လိုအပ်ပါ ကြောင်း၊  သို့ပါ၍ CPA  သင်ရိုးညွှန်းတမ်းများကို မြန်မာနိုင်ငံစာရင်းကောင်စီမှ   ပြည်ပနိုင်ငံများ၏ စာရင်းပညာသင်ကြားမှု အဆင့်အတန်းနှင့်အညီ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ်တွင်    လက်မှတ်ရေးထိုးခဲ့သည့်   Mutual  Recognition Agreement (MRA) အရ ယခုအချိန် တွင်    မြန်မာစာရင်းပညာရှင်များအား  အာဆီယံ လက်မှတ်ရစာရင်းပညာရှင်များ   (ACPA)  အဖြစ် ပေါ်ထွက်လာပြီဖြစ်ကြောင်း။ 


သို့ပါ၍ ဤသင်တန်းသို့ တက်ရောက်ခွင့်ရသည့် သင်တန်းသားများအနေဖြင့် မိမိတို့ ရရှိထားသည့် အခွင့်အလမ်းများကို အပြည့်အဝရရှိနိုင်ရန်  သင်တန်း ကာလအတွင်း သင်ကြားပေးသည့် ဘာသာရပ်များကို လုံ့လဝီရိယစိုက်ထုတ်၍    လေ့လာသင်ယူကြရန်၊   သင်တန်းစည်းကမ်း၊  စာမေးပွဲစည်းကမ်းများကို    တိတိကျကျလိုက်နာပြီး နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေး၊ စာရင်းပညာအနာဂတ်ဖွံ့ဖြိုးတိုးတက် ရေးတို့တွင် ပါဝင်ဆောင်ရွက်နိုင်သည့် နိုင်ငံတော် အတွက်   အားထားရသော   ပထမအဆင့်စာရင်း ပညာရှင်များဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း  မှာကြားသည်။


ထို့နောက်    ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားပြီး ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


လက်မှတ်ရပြည်သူ့စာရင်းကိုင် (CPA)    (ပထမ ပိုင်း)    သင်တန်းအမှတ်စဉ်- ၄၆ တွင်    ဤရုံးမှ သင်တန်းသား ၅၁ ဦးနှင့် ဝန်ကြီးဌာန/အဖွဲ့အစည်း မှ    သင်တန်းသား ၉၄ ဦးတို့ကို  သင်တန်းခန်း တက်ရောက် (Face to Face) ပို့ချခြင်းဖြင့် လည်း ကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ(MAC) ရန်ကုန် သင်တန်းကျောင်းမှ သင်တန်းသား ၂၀ ကို Online ဖြင့် လည်းကောင်း စုစုပေါင်း ၁၆၅ ဦးကို သင်ကြားပို့ချ မည်ဖြစ်ပြီး  ဘာသာရပ်များအနေဖြင့်  Module 1 တွင် ဘာသာရပ် သုံးခု၊ Module 2 တွင် ဘာသာရပ် သုံးခု စုစုပေါင်းဘာသာရပ် ခြောက်ခုတို့ကို  ဇန်နဝါရီ ၅ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ၁၁ လကြာ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် သည်  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ  ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့သော အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း(Grade-1)အမှတ်စဉ်-၂၃၃ သင်တန်းဆင်းပွဲအခမ်းအနားသို့    တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။    ယနေ့ ပြီးမြောက်သော Grade-1 သင်တန်းသို့ ပြည်ထောင်စု  အဆင့်   အဖွဲ့အစည်းများနှင့်  ဝန်ကြီးဌာနများမှ သင်တန်းသား ၁၂၅ ဦး   တက်ရောက်ပြီးမြောက်ခဲ့ ကြောင်း သိရသည်။      

                    
 သတင်းစဉ်