သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ICT ကို လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အကျိုးရှိထိရောက်စွာအသုံးချနိုင်ရေး စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်   ဇန်နဝါရီ    ၅


ခေတ်မီဒစ်ဂျစ်တယ်နည်းပညာ အခြေခံ သည့် ဆန်းသစ်တီထွင်မှုဖြင့် လယ်ယာ ကဏ္ဍ၏    ကုန်ထုတ်စွမ်းအားမြှင့်တင် နိုင်ရန်   လယ်ယာကဏ္ဍ   အဆင့်-၄ (Agriculture 4.0) ကို        လက်တွေ့ ပြောင်းလဲအကောင်အထည်ဖော်နိုင်ရေး၊ ပြည်သူများအား   မိမိဝန်ကြီးဌာနက ဝန်ဆောင်မှုပေးလျက်ရှိနေသည့် လုပ်ငန်း များ လျင်မြန်ချောမွေ့စေရေးတို့အတွက် သတင်းအချက်အလက်နှင့်   ဆက်သွယ် ရေးနည်းပညာ ICT ကို  ယခုထက် ပိုမို ကျယ်ပြန့်စွာ   သုံးစွဲရန်လိုအပ်ကြောင်း ယနေ့ မွန်းလွဲပိုင်းက      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌      ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။


လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် အပြန်အလှန် ဆက်စပ်လျက်ရှိ သည့်   စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီး ဌာနများ၊ တက္ကသိုလ်များမှ တာဝန်ရှိသူ များအကြား   လုပ်ငန်းနယ်ပယ်အလိုက် အမြင်ချင်းဖလှယ်    ဆွေးနွေးခြင်းဖြင့် ခေတ်မီဒစ်ဂျစ်တယ်နည်းပညာလုပ်ငန်း စဉ်များ ချမှတ်အကောင်အထည်ဖော်နိုင် ရန် ရည်ရွယ်ပြီး ကဏ္ဍအလိုက် ခေါင်းစဉ် များ သတ်မှတ်၍ လစဉ်ပထမပတ် ဗုဒ္ဓဟူး နေ့တိုင်း စကားဝိုင်းအစီအစဉ် ကျင်းပခဲ့ ရာ  ပဉ္စမအကြိမ်အဖြစ် ယနေ့ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲကို “သတင်းအချက် အလက်နှင့်   ဆက်သွယ်ရေးနည်းပညာ ICT ကို လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်း များတွင် အကျိုးရှိထိရောက်စွာအသုံးချ နိုင်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပသည်။ 


အဆိုပါ   စကားဝိုင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် များ၊    ဌာနဆိုင်ရာ   တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြပြီး တိုင်းဒေသ ကြီး၊ ပြည်နယ်များမှ ကိုယ်စားလှယ်များ က အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးကြသည်။


ကိုဗစ်-၁၉     ကပ်ရောဂါကြောင့် ပြောင်းလဲလာသည့် နေ့စဉ်လူနေမှုဘဝ ပုံစံသစ်နှင့်   ရာသီဥတုပြောင်းလဲမှုများ ကြောင့် ICT  နည်းပညာသည် အရေးပါ သော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသကဲ့ သို့ လယ်ယာကုန်ထုတ်လုပ်မှု ကွင်းဆက် တစ်လျှောက် ခေတ်မီဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက်လည်း     ဒစ်ဂျစ်တယ် နည်းပညာကို ပိုမိုတွင်ကျယ်ထိရောက်စွာ အသုံးချရန်    လိုအပ်လျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ၊   တောင်သူ လယ်သမားများအနေဖြင့်လည်း မိုဘိုင်း ဖုန်းသုံးစွဲမှု     တွင်ကျယ်လာလျက်ရှိရာ ဆက်သွယ်ရေးနည်းပညာ အခြေခံသည့် တောင်သူပညာပေးလုပ်ငန်း       တိုးချဲ့ ဆောင်ရွက်နိုင်ရေး    ကြိုးပမ်းခြင်းဖြစ် ကြောင်း သိရသည်။          

  သတင်းစဉ်